“ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်” ဇာတ်လမ်းတွဲအောင်မြင်ခဲ့စဉ်က မင်းသမီး ချွိုင်ဂျီဝူး ဝင်ငွေအများကြီးရခဲ့လား

Simple-Corporate-Business-Card-17.png

တစ်ခေတ်တစ်ခါက မြန်မာပရိသတ်တွေကို မျက်ရည်ကျစေခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ “ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်” (Winter Sonata) ကို မှတ်မိကျဦးမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီးချွိုင်ဂျီဝူး ဟာဆိုရင် ဒီဇာတ်လမ်းတွဲအောင်မြင်ခဲ့ပြီးတဲ့နောက်မှာ ဝင်ငွေအများကြီးရခဲ့လား၊မရခဲ့လားဆိုတာကို အခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြောပြခဲ့ပါတယ်။

ဟာသပညာရှင်နဲ့အစီအစဉ်တင်ဆက်သူ ပတ်မြောင်ဆိုးရဲ့ Radio Show မှာ ဂျီဝူးက ပြောပြခဲ့တာပါ။ Radio Show အတွင်း ပတ်မြောင်ဆိုးက ဂျီဝူးကို ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်နဲ့ပတ်သက်ပြီးတော့ “Winter Sonata နဲ့ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ဘူးလား။ မင်းသားဘေယောင်ဂျွန်းက အဲ့ဒီဇာတ်လမ်းတွဲကနေ ငွေအများကြီးရခဲ့တာကိုတော့ လူသိများတယ်။ အဲ့ဒါကြောင့် ဂျီဝူးရော အဲ့ဒီဇာတ်လမ်းတွဲကနေ ဝင်ငွေအများကြီးရခဲ့လား သိချင်တယ်” လို့ မေးမြန်းခဲ့ပါတယ်။

အဲ့ဒီမေးခွန်းကြောင့် ဂျီဝူးက အံ့အားသင့်ကာ ရယ်မောပြီးတော့ “ဒီလောက် တိုက်ရိုက်ကြီး မေးမယ်လို့ မမျှော်လင့်ခဲ့ဘူး”လို့ စပြောခဲ့ပါတယ်။ ပြီးမှ “အဲ့ဒီတုန်းက ဂျပန်မှာ ကြီးမားတဲ့ဈေးကွက်တစ်ခုဖြစ်ခဲ့ပြီး အဲ့ဒါကြောင့်ပဲ ကျွန်မ ဂျပန်မှာ အများကြီးအလုပ်လုပ်ခဲ့ရပြီး ကြော်ငြာတွေအများကြီး ရိုက်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်ပရိသတ်တွေဆီက ချစ်ခင်နှစ်သက်မှုရခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဘေယောင်ဂျွန်းလောက် ဝင်ငွေမရခဲ့ပါဘူး” လို့ ဖြေကြားသွားခဲ့ပါတယ်။

“ဟေမာန်ဆောင်းရဲ့ချစ်သံစဉ်” အဖြစ် မြန်မာပရိသတ်တွေ သိကြတဲ့ Winter Sonata ဇာတ်လမ်းတွဲဟာ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲဖြစ်ပေမဲ့ ဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံအထိ ထိုးဖောက်အောင်မြင်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲက မင်းသားဘေယောင်ဂျွန်းကို အာရှမှာ နာမည်ကြီးစေခဲ့ပြီး အသက်လတ်ပိုင်းဂျပန်အမျိုးသမီးတွေကြားမှာ အထူးရေပန်းစားလာစေခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဂျပန်နိုင်ငံကို ဘေယောင်ဂျွန်း ပထမဆုံးလာရောက်လည်ပတ်ခဲ့တဲ့အချိန် အမျိုးသမီး ၃၀၀၀ ကျော် လေဆိပ်မှာ စုဝေးကြိုဆိုခဲ့ကြပြီး ရဲအရာရှိအယောက် ၃၅၀ စောင့်ကြပ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်ဝန်ကြီးချုပ်ကတောင် “ဘေဟာ သူ့ထက် ဂျပန်မှာ ပိုရေပန်းစားတယ်”လို့တောင် ပြောခဲ့ပါသေးတယ်။

Ref: Choi Ji Woo Opens Up About Earnings After “Winter Sonata” Success

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top