မြောက်ကိုရီးယားနိုင်ငံကို စရိတ်နည်းခရီးစဉ် စီစဉ်ပေးခဲ့သူ နှလုံးရောဂါနဲ့ သေဆုံး

mar062004.jpg

မြောက်ကိုရီးယားနိုင်ငံကို စရိတ်နည်းခရီးစဉ် သွားနိုင်အောင် စီစဉ်ပေးခဲ့တဲ့ အေဂျင်စီအကြီးအကဲ ထရွိုင်ကောလင်းဟာ အသက် ၃၃ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ထရွိုင်ကောလင်းဟာ မြောက်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်လိုတဲ့ ခရီးသွားလူငယ်တွေအတွက် အဓိက ရည်ရွယ်ပြီး Young Pioneer Tours ကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ နယူးဇီလန်နိုင်ငံသား ထရွိုင်ကောလင်းနဲ့ ဗြိတိန်နိုင်ငံသား ဂါရတ်ဂျွန်ဆင်တို့ ပူးတွဲတည်ထောင်ခဲ့တဲ့ Young Pioneer Tours ကုမ္ပဏီဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု ကြီးမား ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံရဲ့ ဂျွမ်းဘားမယ်နှစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်(A State of Mind) ကြည့်ရင်း မြောက်ကိုရီးယား နိုင်ငံအပေါ် စိတ်ဝင်စားလာတာလို့ ၂၀၁၈ ခုနှစ်က အင်တာဗျူး အစီအစဉ်မှာ ထရွိုင်ကောလင်းက ပြောခဲ့ဖူးပါတယ်။ Young Pioneer Tours ကုမ္ပဏီဟာ မြောက်ကိုရီးယားခရီးစဉ်အတွက် အခြားခရီးသွားလုပ်ငန်းတွေရဲ့ တစ်ဝက်စျေးနဲ့ စီစဉ်ပေးခဲ့ပြီး သူတို့ရဲ့ခရီးစဉ်မှာ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်း မြို့မှာ ကျင်းပတဲ့ ပြုံယမ်းမာရသွန်ပြိုင်ပွဲနဲ့ ကျေးလက်ဒေသတွေကို ပို့ဆောင်ပေးတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top