ဂျာမနီမှာ ခရီးသည်တင်ဘတ်စ်ကား မီးလောင်လို့ လူ ၁၈ ဦးသေဆုံး

germany.jpg

ဂျာမနီနိုင်ငံတောင်ပိုင်းက A9 အမြန်လမ်းမှာ ခရီးသည်တင် ဘတ်စ်ကား တစ်စီးနဲ့ လော်ရီကား တိုက်မိပြီး မီးလောင်သွားတဲ့အတွက် လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ အသက် ၆၆ နှစ်ကနေ အသက် ၈၁ နှစ်အရွယ်ရှိတဲ့ အဘိုး၊ အဘွားတွေ လိုက်ပါလာကြပြီး အားလပ်ရက်အဖြစ် အီတလီနိုင်ငံက ဂါဒါရေကန် (Lake Garda) ကို သွားနေတဲ့အချိန် ဘာဗေးရီးယား ပြည်နယ်မြောက်ပိုင်းက စတမ်ဘက်ခ်ျမြို့မှာ အခုလို ဖြစ်ခဲ့တာပါ။ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၆ ဦးနဲ့ ယာဉ်မောင်း နှစ်ဦး လိုက်ပါခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ ယာဉ်မောင်းတစ်ဦး ပါတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လော်ရီကား ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။

လော်ရီယာဉ်မောင်းရဲ့ ပြောစကားအရ ခရီးသည်တင် ဘတ်စ်ကားက သူ့ကား နောက်ပိုင်းကို ဝင်တိုက်ပြီး မီးလောင်သွားတာလို့ သိရပါတယ်။ ဒါပေမဲ့ ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။

Ref: The New York Times; “Bus Crashes in Germany, Killing at Least 18”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top