မဲဆွယ်စည်းရုံးရေးစုဝေးပွဲမှာ ပစ်ခတ်ခံရလို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ညာဘက်နားရွက် ဒဏ်ရာရ

14.7.2024-yyl-1.jpg

ပြီးခဲ့တဲ့ စနေနေ့မွန်းလွဲပိုင်းက ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ မဲဆွယ်စည်းရုံးရေး စုဝေးပွဲလုပ်နေတုန်း သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ညာဘက်နားရွက် ဒဏ်ရာ ရသွားတယ်။ သေနတ်သမားက ပေ ၄၀၀ ကနေ ၅၀၀ ကြားအကွာအဝေးကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ CNN သတင်းဌာနရဲ့ တည်နေရာမှတ်တမ်း ခွဲခြမ်းစိတ်ဖြာမှုတွေမှာ ဖော်ပြထားပါတယ်။

သေနတ်သမားဟာ စုဝေးပွဲခန်းမအပြင်ဘက် ခေါင်မိုးပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သေနတ်သမားက အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာဖြစ်ပြီး စုဝေးပွဲကို တက်ရောက်လာသူတစ်ယောက် သေဆုံးခဲ့တဲ့အပြင် အခြားသူနှစ်ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ရှင်းလင်းခဲ့လို့ သေနတ်သမားလည်း သေဆုံးခဲ့ပါတယ်။

သေနတ်သမားမှာ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား မရှိဘူးလို့ တရားဥပဒေစိုးမိုးရေးအရာရှိတွေက ဆိုပါတယ်။ သေနတ်သမားက ဘယ်သူဘယ်ဝါလဲဆိုတာ ခွဲခြားဖော်ထုတ်နိုင်ဖို့ နီးစပ်နေပေမဲ့ အခုလို လုပ်ကြံတိုက်ခိုက်ရတဲ့အကြောင်းရင်းကိုတော့ မသိနိုင်သေးဘူးလို့ FBI က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မကြာသေးခင်ကမှ သူ့ရဲ့လုံခြုံရေးအဖွဲ့ကို အင်အားတိုးမြှင့်ထားတာဖြစ်ပြီး အချိန်တော်တော်ကြာကတည်းက လုပ်ကြံတိုက်ခိုက်ခံရမှာ စိုးရိမ်နေတာ ဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Ref: CNN Update
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top