ဝါရှင်တန်ပြည်နယ်မှာ ရုပ်အလောင်းတွေကို မြေဆွေးလုပ်ဖို့ တရားဝင်ခွင့်ပြု

61063815_2391837434180496_2857939593162915840_n.jpg

ဝါရှင်တန်ပြည်နယ်ကတော့ အမေရိကန်ပြည်နယ်တွေထဲမှာ ပထမဆုံးအနေနဲ့ ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေကို မြေဆွေးလုပ်ဖို့ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေးအင်စလီက ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့တာပါ။ အဲဒီဥပဒေသစ်အရ ဝါရှင်တန်ပြည်နယ်မှာ နေထိုင်သူတွေဟာ သူတို့ကွယ်လွန်သွားရင် သူတို့ရဲ့ရုပ်အလောင်းတွေကို မြေဆွေးလုပ်ခွင့် ပေး၊ မပေးဆိုတာ ရွေးချယ်ခွင့်ရှိပါတယ်။

ရုပ်အလောင်းတွေကို မြေဆွေးလုပ်တာဟာ မီးသြင်္ဂုဟ်တာ၊ မြေမြှုပ်သြင်္ဂုဟ်တာ စတဲ့ ရှေးရိုးစဉ်လာနည်းလမ်းတွေနေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ရှိပါတယ်။ သချုၤ ိင်းမြေရှားပါးတဲ့မြို့တွေမှာတော့ ဒီနည်းလမ်းကတော့ လက်တွေ့ကျကျ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ဖို့ ရှိပါတယ်။ ကက်ထရီနာစပိတ်လို့ အမည်ရတဲ့ အမျိုးသမီးကတော့ ရုပ်အလောင်းတွေကို မြေဆွေးလုပ်ပေးမယ့် ပထမဆုံးကုမ္ပဏီ တည်ထောင်ထားပါတယ်။

Recompose ကုမ္ပဏီရဲ့နည်းလမ်းကတော့ ရုပ်အလောင်းကို ကောက်ရိုး၊ သစ်သားအတိုအစ၊ လူဆန်ပဲအပင်တွေ ထည့်ထားတဲ့ အနား (၆) ဘက်ပါ သံမဏိပုံးခွဲအတွင်း ရက် (၃၀) ကြာ ပိတ်ထားပြီး သဘာဝအတိုင်း မြေဆွေးဖြစ်အောင် လုပ်မှာပါ။ အဲဒီမြေဆွေးကို ကျန်ရစ်သူမိသားစုထံ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရစ်သူမိသားစုအနေနဲ့ သူတို့ချစ်ခင်မြတ်နိုးရသူရဲ့ အကြွင်းအကျန်ကို အသုံးပြုထားတဲ့ အဲဒီမြေဆွေးကိုသုံးပြီး သစ်ပင်ပန်းမန်တွေ စိုက်ပျိုးနိုင်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top