အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ကျွန်းမှာ ငလျင်ထပ်လှုပ်လို့ သေဆုံးသူ ၄၀၀ အထိ မြင့်တက်လာ

laval-earthquake.jpg

အင်ဒိုနီးရှားနိုင်ငံ လွန်ဘောကျွန်းမှာ ဩဂုတ် ၉ ရက်နေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ သီတင်းပတ် နှစ်ပတ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင် ၃ ကြိမ်ကြောင့် သေဆုံးသူ ဦးရေ ၄၀၀ နီးပါးအထိ ရှိလာနိုင်ကြောင်း အင်ဒိုနီးရှား သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၃၈၁ ဦးသေဆုံးခဲ့ပြီး ၁၀၃၃ ဦးဒဏ်ရာခဲ့ကာ အဲဒီငလျင်လှုပ်ခတ်ခဲ့ပြီး ရက်ပိုင်းအကြာ ဩဂုတ် ၉ ရက်နေ့မှာ အင်အား ၆ ဒသမ ၉ အဆင့် ရှိ အင်အားပြင်း ငလျင်တစ်ခု ထပ်လှုပ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူဦးရေဟာ ထပ်မံမြင်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကလည်း သေဆုံးပျက်စီးမှုတွေ ဆက်လက် မြင့်လာနိုင်ပြီး ငလျင် တွေကြောင့် လမ်းတွေလည်း ပျက်စီးသွားခဲ့ရတယ် လို့ ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၂၉ ရက်နေ့က အင်အားပြင်းငလျင်တစ်ခု စတင်လှုပ်ခဲ့ပြီးနောက် လွန်ဘော့ကျွန်းအတွင်းက အဆောက်အဦ များစွာ ပျက်စီးခဲ့ရပြီး အဆာက်အဦပေါင်း ၄၂၂၃၉ ဟာ ပြိုကျ ပျက်စီးမှု ဒါမှမဟုတ် ဆိုးရွားတဲ့ပျက်စီးမှုတွေဖြစ်ခဲ့ရတယ်လို့ ကိုရီးယားသတင်းတစ်ရပ်မှာလည်း ဖော်ပြထားပါတယ်။ လူပေါင်း ၁၅၆၀၀၀ ဦးဟာ အမိုးအကာမရှိဘဲ နေထိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အင်ဒိုနိးရှားနိုင်ငံ ဂျာကာတာနဲ့ ပီလန်ဘန်တို့မှာ အာရှ အားကစားပွဲကျင်းပဖို့ စီစဉ်နေချိန်မှာပဲ အခုလိုမျိုး အင်အားပြင်းငလျင်တွေလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ကြီးတွေနဲ့အတူ ငလျင်ငယ်တွေပါ နောက်ဆက်တွဲ လှုပ်ခတ်ခဲ့တယ်လို့ သိရပြီး ငလျင်လှုပ်ခတ်တဲ့ လွန်ဘော့ကျွန်းမှာ ဆေးဝါး၊ အစားစာ နဲ့ ဆရာဝန်တွေ လိုအပ်နေတယ်လို့ တန်ဂါယာဒေသ အုပ်ချုပ်ရေးမှူး မာဂျေဒီကပြောကြားခဲ့ပါတယ်။

Ref: UPI Report: Indonesia earthquake death toll close to 400

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top