ကမ္ဘာ့အချိန်အကြာဆုံးအနမ်းအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ထိုင်းဇနီးမောင်နှံဟာ ကွာရှင်းပြတ်စဲခဲ့ကြပါပြီ။ အက်ကာချိုင်းနဲ့ လက်ဆနာတို့ဟာ ၂၀၁၃ ခုနှစ်က ၅၈ နာရီ၊ ၃၅ မိနစ်၊ ၅၈ စက္ကန့်ကြာ မနားတမ်း နမ်းခဲ့ကြပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။
သူတို့ဟာ ၂၀၁၁ ခုနှစ် ပြိုင်ပွဲမှာလည်း ၄၆ နာရီ၊ ၂၄ မိနစ်ကြာ မရပ်မနားနမ်းပြီး အနမ်းပြိုင်ပွဲမှာ အနိုင်ရခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အက်ကာချိုင်းနဲ့ လက်ဆနာတို့စုံတွဲရဲ့ အချစ်အကြောင်း လူပြောများခဲ့ပြီး အားကျသူတွေလည်း များပြားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ၂၀၂၅ ခုနှစ် မတ်လအတွင်းမှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ ကွာရှင်းပြတ်စဲခဲ့ကြပေမဲ့ သူတို့ရဲ့ သားသမီးတွေကို တစ်ယောက်တစ်လှည့် ပြုစုပျိုးထောင်သွားမယ်လို့ ဆိုပါတယ်။
Ref: Couple who set record for longest kiss in 2013 have now separated
NZ ( ရိုးရာလေး)

