မော်လ်ဒိုက်ဗ်မှာ တည်ဆောက်နေတဲ့ ရေပေါ်မြို့

13-7-2022-28.jpg

မော်လ်ဒိုက်ဗ် ရေပေါ်မြို့ အပေါ်စီးမြင်ကွင်း

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ ဗိသုကာဒီဇိုင်းတွေလည်း ပုံစံသစ်တွေ ရှာဖွေရတယ်။ ပုံစံသစ်တစ်မျိုးကတော့ ရေပေါ်မြို့တွေ ဆောက်ကြတာပါပဲ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရှေ့တန်းကနေ ရင်ဆိုင်နေရတဲ့ မော်လ်ဒိုက်ဗ်နိုင်ငံမှာလည်း ရေပေါ်မြို့ တည်ဆောက်နေပါပြီ။

မော်လ်ဒိုက်ဗ် ရေပေါ်မြို့ ပုံစံ
အဆောက်အအုံတွေကို ဆွဲသင်္ဘောတွေကို သယ်ယူမှာပါ
အတွင်းပိုင်းမြင်ကွင်းပုံစံ
မော်လ်ဒိုက်ဗ် ရေပေါ်မြို့
မော်လ်ဒိုက်ဗ် ရေပေါ်မြို့

နယ်သာလန်ဗိသုကာလုပ်ငန်းစု Waterstudio က ဒီဇိုင်းဆွဲထားတဲ့ ရေပေါ်မြို့မှာ နေအိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေ ပါဝင်မှာပါ။ အဆောက်အအုံ ၅၀၀၀ ထည့်သွင်းမှာဖြစ်ပြီး လူ ၂၀၀၀၀ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မော်လ်ဒိုက်ဗ် ရေပေါ်မြို့ ပုံစံ

မြို့တော် မာလီကနေ လှေစီးသွားရင် ၁၀ မိနစ်ပဲ ကြာမြင့်မယ့် ရေကန်ကြီးထဲမှာ တည်ရှိမှာပါ။ ပို့ဆောင်ဆက်သွယ်ရေးအတွက် လှေတွေကို အဓိကအသုံးပြုရမှာဖြစ်ပြီး ကားစီးလို့တော့ မရပါဘူး။ စက်ဘီးနဲ့ လျှပ်စစ်ဘီးတွေကိုတော့ စီးလို့ရမှာပါ။

Ref:A floating city in the Maldives begins to take shape

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top