COVID-19 လူနာအမှတ်(၁၇) ကွယ်လွန်

8-4-2020-yyl-009.jpg

COVID-19 ရောဂါအတည်ပြုလူနာ အမှတ်စဉ်(၁၇) ပေါက်ခေါင်းမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့မနက်မှာပဲ ကွယ်လွန်သွားပြီလို့ ပေါက်ခေါင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်မင်းဇော်က ရိုးရာလေးကို အတည်ပြုပြောကြားပါတယ်။

လူနာအမှတ်(၁၇)ဟာ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူဖြစ်ပြီး ဒီနေ့မနက် ၃ နာရီ ၄၀ မိနစ်က အထူးကြပ်မတ်ကုသပေးနေတဲ့ ပြည်ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ အသက်(၄၇)နှစ် ရှိပြီဖြစ်ပါတယ်။

”လူနာအမှတ်(၁၇) သေဆုံးသည်မှာ မှန်ပါတယ်။ COVID-19 ကြောင့် သွေးဆိပ်တက်ခြင်းနဲ့ ပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်တယ်”လို့လည်း ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

လူနာအမှတ်(၁၇)ဟာ ဇနီးဖြစ်သူ လူနာအမှတ်-၁၅(ပုဂ္ဂလိကဆေးရုံမှ သူနာပြု)ဆီကနေကူးစက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ သားဖြစ်သူ အသက်(၁၀)နှစ်၊ သမီးဖြစ်သူ အသက်(၈)နှစ်၊ တူမဖြစ်သူ အသက်(၁၈)နှစ်တို့ မှာလည်း ရောဂါပိုးတွေ့ရှိထားတဲ့အတွက် ပြည်ဆေးရုံမှာ ကုသမှုခံယူလျက်ရှိပါတယ်။

အခုလိုကွယ်လွန်သွားခဲ့တဲ့ လူနာအမှတ်(၁၇) ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟာ COVID-19 ရောဂါ အတည်ပြုလူနာထဲက ဒုတိယမြောက် ကွယ်လွန်သူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါနဲ့ ကွယ်လွန်သွားတာ နှစ်ဦးရှိသွားပါပြီ။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top