Tik Tok မှာ “လိုင်ချိုင့်…လိုင်ချိုင့်”လို့ ခေတ်စားပြီး ငွေဝင်တဲ့ သီချင်းအဖြစ် အသုံးပြုကြတဲ့ Ba Fang Lai Cai သီချင်းသီဆိုသူ SKAI ISYOURGOD ရက်ပ်ပါအဆိုတော်ကို သိကြမယ်ထင်ပါတယ်။ ကွမ်တုန်းပြည်နယ်ဖွား SKAI ဟာဆိုရင် ပြီးခဲ့တဲ့နှစ်က Tik Tok လို App ဖြစ်တဲ့ တရုတ် Douyin မှာ Ba Fang Lai Cai နဲ့ Ying Guo သီချင်းတွေနဲ့ နာမည်ကြီးလာခဲ့တာပါ။ အခုဆို ကမ္ဘာ့တဝှမ်းမှာပါ သူ့သီချင်းတွေဟာ ရေပန်းစားနေပါပြီ။
သူ နောက်ဆုံးထွက်ရှိထားတဲ့ Da Zhan Hong Tu သီချင်းက အတော်လေးခေတ်စားနေပြီး လူမှုကွန်ယက်မှာ dance challenge လုပ်နေကြပါပြီ။ သူဟာ Mandopop ဘုရင်ဖြစ်တဲ့ Jay Chou ကို ကျော်ပြီး Spotify ရဲ့ Most-Streamed Mandopop အဆိုရှင်ဖြစ်လာပါတယ်။ Spotify မှာ လစဉ်နားဆင်သူ ၃.၀၂၃ သန်းရှိပါတယ်။

Da Zhan Hong Tu နဲ့ Ba Fang Lai Cai သီချင်းတွေက Spotify ရဲ့ Viral 50 -Global ဇယားမှာ ရှိနေပါတယ်။ SKAI က အခုလိုဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း ဝန်ခံထားပါတယ်။ “ကျွန်တော်မှာ ဘာအစီအစဉ်မှာတော့မရှိပါဘူး။ ကျွန်တော် လုပ်ချင်တာကို လုပ်ဖို့အတွက်ပဲ အာရုံစိုက်ထားတာပါ။ အခြားအရာတွေကို သိပ်ပြီး မစဉ်းစားပါဘူး”လို့လည်း SKAI ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
Ref: ‘Da Zhan Hong Tu’ Rapper Dethrones Jay Chou As Spotify’s Most-Streamed Mandopop Artiste
WL ( ရိုးရာလေး)

