သမီးလေးအတွက် ဖခင်ပီသကြောင်း ဆံပင်ဖြီးပေးနေတဲ့ပုံနဲ့သက်သေပြခဲ့တဲ့ ဒွိန်းဂျွန်ဆင်

26-1-2021-yyl-01.jpg

ဟောလိဝုဒ်မင်းသားကြီး ဒွိန်းဂျွန်ဆင်ဟာ သူ့ရဲ့(၂) နှစ်သမီးလေးရဲ့ ဆံပင်ကို ဘယ်လိုဖြီးပြီး ပြင်ဆင်ပေးနေလဲဆိုတာကို အင်စတာဂရမ်မှာ ပုံတွေနဲ့တကွ ပြသခဲ့ပါတယ်။ သူဟာ သမီးမိန်းကလေးအတွက် ဖခင်တစ်ယောက်ပီသကြောင်းကို ဆံပင်ဖြီးပေးနေတဲ့ပုံတွေနဲ့သက်သေပြခဲ့တာဖြစ်ပါတယ်။

သူက ကတုံးဖြစ်နေပေမဲ့လည်း ဆံပင်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ခု၊ နှစ်ခုလောက်တော့ သိပါတယ်လို့ ဒွိန်းဂျွန်ဆင်က အင်စတာဂရမ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။အင်စတာဂရမ်မှာ တင်ထားတဲ့ပုံထဲမှာတော့ သူ့သမီးလေးရဲ့မျက်နှာမှာ မပျော်တဲ့အရိပ်အယောင်တော့ တွေ့နေရပါတယ်။ အဲဒါကိုလည်း ဒွိန်းက “အခုတော့ သမီးလေး ကြောက်နေတဲ့ပုံဖြစ်နေပေမဲ့ သူ့ရဲ့ဆံပင်မှာရှိတဲ့ နာအောင်လုပ်နေတဲ့ အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ဖို့ အဖေတာဝန်ယူပါတယ်”လို့လည်း ရေးသားထားပါတယ်။

ဒွိန်းက သူ့ရဲ့ဆံပင်ဖြီးတတ်တဲ့စွမ်းရည်နဲ့ သည်းခံနိုင်မှုတို့ကို နောက်ထပ်ပုံတွေမှာလည်း မြင်တွေ့ရနိုင်တယ်လို့ ဆိုထားပါတယ်။ “သင့်လက်တွေနဲ့ ဘေးဖက်ကို ရွှေ့ပြီး ကြည့်လိုက်မယ်ဆိုရင် ဆံပင်ဖြီးတတ်တဲ့စွမ်းရည်နဲ့ ပုံမှန်ထက်သာလွန်တဲ့သည်းခံနိုင်မှုတွေကို မြင်တွေ့ရမှာပါ” လို့ ရေးသားထားပါတယ်။

ဒွိန်ဂျွန်ဆင်ကတော့ ၅ နှစ်အရွယ် ဂျက်စမင် လီယား၊ ၂ နှစ်သမီးလေး တီယားနာ ဂျီယာ၊ ၁၉ နှစ်အရွယ် ဆီမွန် အဲလက်ဇန်းဒရား ဆိုတဲ့ သမီး (၃) ဦးအတွက် ဂုဏ်ယူရတဲ့ဖခင်တစ်ယောက်ပါ။ သူဟာ သူ့မိသားစုနဲ့ပတ်သက်တဲ့ပို့စ်တွေကို ပုံမှန်တင်ပေးလေ့ရှိပါတယ်။

Ref: CNN “Dwayne Johnson shows off his hair skills in an adorable post with his 2-year-old daughter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top