ဆေးသမားဘဝကနေ ဘွဲ့ရပညာတတ်ဖြစ်သွားတဲ့ ၆၇ နှစ်အရွယ် အဘိုး

David-Norman.jpg

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် လူပေါင်း ၁သန်းခွဲမကဟာ ပျမ်းမျှအနေဖြင့် ပြန်လည်ပြုပြင် ထိန်းကျောင်းရေး စင်တာမှာ အထိန်းချုပ် စောင့်ရှောက် ခံစားရပြီး နှစ်စဉ် ၆ သိန်းကျော် ပြန်လွတ်ပါတယ်။

ပြန်လွတ်သွားတဲ့သူတွေထဲမှာ လူကောင်းပြန်ဖြစ်တာရှိသလို လူဆိုးဘဝ ပြန်သွားတာလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသားကတော့ ဘွဲ့ရပညာတတ်ဖြစ်သွားပါတယ်။

David Norman လို့ အမည်ရတဲ့ ယင်း အမျိုးသားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကနေ စလို့ ဆေးသမား၊ မူးယစ်ဆေးဝါး ကုန်သည် လူဆိုး တစ်ဦး ဖြစ်ခဲ့ ပါတယ်။ ထောင်လည်း အကြိမ်ကြိမ်ကျပြီး လူဆိုးဘဝမှာ ကျင်လည်ခဲ့ ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က နောက်ဆုံး တစ်ကြိမ်ထောင်ကျတော့ သူဟာ ထောင်ထဲမှာ စာအုပ်များစွာ ဖတ်ပါတော့တယ်။ ယင်းထဲမှာ ဟီဘရူးလို့ခေါ်တဲ့ ဂျူးလူမျိုးတို့ရဲ့ ဘာသာစကားတစ်မျိုးကို သမိုင်းကနေ စဖတ်ပြီး စိတ်ပါဝင်စားခဲ့ပါတယ်။ ထောင်ထွက်တော့ ကိုလံဘီယာတက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို ယူပြီးတော့ ကျောင်းတက်ပါတယ်။ ယခုတော့ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အပြင် ပြည်သူ့ကျန်းမာရေးကျောင်းအတွက် သုတေသန အကြံပေးအဖြစ်တောင် လုပ်ကိုင်နေပါပြီ။

လူတစ်ယောက်ဟာ လူကောင်းဖြစ်ဖို့အတွက် ဘယ်အချိန်ဖြစ်ဖြစ် ပြုပြင်ရင် နောက်မကျကြောင်း Norman မှ သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ နယူးယောက်မြို့ မန်ဟက်တန်မှာ နေထိုင်တဲ့ သူ တစ်ဦးပါ။ အသက်က ၆၇ နှစ်ရှိပါပြီ။

လူတွေဟာ အမှားတစ်ခု ကျူးလွန်ထားပြီးရင်၊ ဘဝမှာ လူဆိုး၊ မကောင်းတဲ့သူ တစ်ဦး ဖြစ်ခဲ့ပြီးရင် အမြဲတမ်း ယင်းကဲ့သို့ ဖြစ်သွားမှာလို့ တရားသေ မှတ်သားလို့ မရပါဘူး။ ပြုပြင်ပြောင်းလဲချင်စိတ်တစ်ခုသာ ရှိရင် ဘာမဆို ပြောင်းလဲ နိုင်ပါတယ်။ ပညာဆိုသည်မှာလည်း သင်ယူလို့ နောက်ကျတယ်ဆိုတာ မရှိပဲ အမြဲတမ်း ဆည်းပူးလေ့လာနိုင်တဲ့ အရာ တစ်ခု ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top