ဒွန်နီယန်းရဲ့ စတန့်သမားဟောင်း ကွယ်လွန်

18.6.2024-yyl-10.jpg

ဟောင်ကောင်မင်းသားကြီးဒွန်နီယန်းရဲ့ စတန့်သမားဟောင်းဖြစ်တဲ့ ကျောင်လိန်ဟာ ဇွန်လ ၁၂ ရက်နေ့က နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၃၉ နှစ်ရှိပြီးလို့ သိရပါတယ်။ ကျောင်လိန်က ဒွန်နီယန်းရဲ့စတန့်သမားအဖြစ် Bodyguards and Assassins (2009)၊ Legend of the Fist: The Return of Chen Zhen လို ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့တာပါ။

ဒီသတင်းကို ကျောင်လိန် ဒုဥက္ကဌဖြစ်ခဲ့တဲ့ Beijing Extreme Sports Association က ဇွန် ၁၅ ရက်နေ့က ကြေညာပေးခဲ့တာပါ။ ဒွန်နီယန်းကလည်း ဇွန်လ ၁၈ ရက်နေ့မှာ ကျောင်လိန်အတွက် Weibo အကောင့်မှာ အခုလို ရေးသားခဲ့ပါတယ်။ “ကျောင်လိန်….ရိုက်ကွင်းမှာ မင်း လုပ်ပေးခဲ့တဲ့ အရာတွေအားလုံးအတွက် ငါ အမြဲသတိရနေမှာပါ။ မင်းကိုလည်း လွမ်းနေမှာပါ”တဲ့။

Ref: Donnie Yen’s ex-stunt double dies

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top