ကိုရိုနာဗိုင်းရပ်စ်ကို လျော့ပါးသွားစေနိုင်တဲ့ ပဋိပစ္စည်းကို သုတေသနပညာရှင်တွေ တွေ့ရှိ

20-3-2020-yyl-024.jpg

UK မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ဆက်လက်များပြားလို့နေတဲ့အတွက် သုတေသနပညာရှင်တွေဟာ ရောဂါကို လျော့ပါးသွားစေနိုင်တဲ့ ပဋိပစ္စည်း (သွေးအတွင်းကထုတ်ပေးတဲ့ အသားဓာတ်)ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ မျှော်လင့်ချက် ရောင်ခြည်လေးသမ်းလာပြီလို့ သိရပါတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့ သုတေသနပညာရှင်တွေဟာ အရင်က SARS ရောဂါကို ခံစားခဲ့ရတဲ့ လူနာရဲ့သွေးကို စမ်းသပ်ဖို့အတွက် X-ray စက်ကို အသုံးပြုခဲ့ကြပါတယ်။ အခုဆိုရင် SARSရောဂါကနေ ပြန်လည်သက်သာလာခဲ့တဲ့ အဲဒီလူနာက ဖြစ်နိုင်တဲ့ကုသနည်းကို ရှာဖွေဖို့ သုတေသနပညာရှင်တွေအတွက် မျှော်လင့်ချက်ဖြစ်လို့နေပါတယ်။

သုတေသနပညာရှင်တွေက ဗိုင်းရပ်စ်တွေကို စမ်းသပ်လို့ရတဲ့ ဒီစက်ကိုအသုံးပြုပြီး ၂၀၀၄ ခုနှစ်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ လူနာရဲ့သွေးအတွင်းကနေ ပဋိပစ္စည်း (သွေးအတွင်းကထုတ်ပေးတဲ့ အသားဓာတ်)ကို ရှာတွေ့နိုင်ခဲ့ပါတယ်။ သွေးနမူနာကို ခွဲခြမ်းစိပ်ဖြာ ကြည့်လိုက်တဲ့အခါမှာ လူက ဗိုင်းရပ်စ်ကို လျော့ပါးသွားစေနိုင်တဲ့၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ တဆင့်ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားကြီးတဲ့ ပဋိပစ္စည်းရှိတယ်ဆိုတာကို သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင် သူတို့ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က တရုတ်နိုင်ငံကနေ အခြားအာရှနိုင်ငံတွေဆီ ပျံ့နှံ့ခဲ့တဲ့ရောဂါ ကူးစက်မှုကနေ အဲဒီလူနာက ဘယ်လိုပြန်ကောင်းလာလဲဆိုတာကို ပိုပြီး လေ့လာရတော့မှာဖြစ်ပါတယ်။ SARS ဗိုင်းရပ်စ်နဲ့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ အမျိုးအစားအတူတူ ဖြစ်တဲ့အတွက် ရောဂါကို ဘယ်လိုကုသရမလဲဆိုတာ အဖြေရှာလို့ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီသုတေသနအဖွဲ့က ကုသဆေးထုတ်လုပ်နိုင်ဖို့အတွက် ဆေးဝါးရှာဖွေ ဖော်ထုတ်တဲ့ကုမ္ပဏီ Exscientia နဲ့ ပူပေါင်းမှာဖြစ်ပါတယ်။

Ref: British scientists discover antibody in blood of patient who fought off SARS that could NEUTRALISE coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top