- အက်တမ်(ATOM) မှ အမေရိကန်ဒေါ်လာ ၁၃,၅၀၀ ခန့်တန်ဖိုးရှိ အသက်ကယ် ကျောက်ကပ် ဆေးစက်အား ရန်ကုန်ရှိ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံသို့ လှူဒါန်းခဲ့။
- အဆိုပါလှူဒါန်းမှုသည် အက်တမ်(ATOM) ၏ လှုမှုအကျိုးပြုလုပ်ငန်း မဏ္ဍိုင်တစ်ရပ်ဖြစ်သော “လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်”အောက်မှ ဆောင်ရွက်ခြင်းဖြစ်ပြီး လိုအပ်နေသော လူမှုအသိုင်းအဝိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် ရည်ရွယ်။
- ယခုလှူဒါန်းသောကျောက်ကပ်ဆေးစက်သည် အရေးပေါ် ကျောက်ကပ်ဆေးဝန်ဆောင်မှု လိုအပ် နေသော လူနာပေါင်း (၁၀,၀၀၀) ခန့်အား ကုသမှု ပေးနိုင်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် လိုအပ်နေသော လူမှုအသိုင်းအဝိုင်းအား ကူညီပံ့ပိုးပေးရန် ဟူသော ကတိကဝတ်အတိုင်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံသို့ ကျောက်ကပ် ဆေးစက်တစ်လုံး လှူဒါန်းမှုပြုလုပ်ခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၅၀၀ ခန့် တန်ဖိုးရှိ အဆိုပါ လှူဒါန်းမှုသည် အရေးပေါ် ကုသမှုလိုအပ်နေသော လူနာများအတွက် အသက်ကယ် ကျောက်ကပ် သန့်စင်ဆေးကြောခြင်း ဝန်ဆောင်မှုအား ပိုမိုလက်လှမ်းမှီစေရန် ရည်ရွယ်သည်။

အက်တမ်(ATOM) အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်း မဏ္ဍိုင်ဖြစ်သော “လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်” မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သော ယခုလှူဒါန်းမှုသည် မွတ်စ်လင် ကုသိုလ် ဖြစ်ဆေးရုံ၏ လူမျိုး၊ ဘာသာမရွေး လူနာအားလုံးအတွက် အမြဲမပြတ် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု များပေးရန်ဟူသည့် ကတိကဝတ်ကြောင့်ဖြစ်သည်။

“တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ရည်မှန်းချက်များအတိုင်း လုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ မြန်မာပြည်သူ တွေကို ပံ့ပိုးကူညီဖို့ ကျွန်တော်တို့ အမြဲအသင့်ရှိနေပါတယ်။ ဒီလှူဒါန်းမှုဟာ ကျောက်ကပ်ဆေးဖို့ အရေးပေါ် လိုအပ်နေတဲ့ လူနာတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ အသက်ကယ် ဆေးကုသမှု တွေကို လက်လှမ်းမှီရရှိဖို့ အလွန်အရေးကြီးနေတဲ့အချိန် မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံရဲ့ ဆေးကုသမှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်း လူမှုအသိုင်းအဝိုင်းနဲ့အတူ ဆက်လက်ရပ် တည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘ၀တွေဆီ ရောက်ရှိဖို့ အကောင်းဆုံးအရာများ ပေးစွမ်းနိုင်အောင် ဆက်လက် ကြိုးစား လုပ်ဆောင်သွားမှာပါ” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။

ယခုလှူဒါန်းခဲ့သော ကျောက်ကပ်ဆေးစက်ကြောင့် အရေးပေါ် ကျောက်ကပ်ဆေးရန် လိုအပ် နေသည့် လူနာပေါင်း (၁၀,၀၀၀) ခန့် ကုသမှုရယူနိုင်ကြမည် ဖြစ်သည်။ ဂျာမနီနိုင်ငံထုတ် 4008S Classic Basic Version အမျိုးအစား ကျောက်ကပ်ဆေးစက်သစ်သည် ဆေးရုံ၏ ကုသမှုစွမ်းဆောင်ရည်အား မြှင့်တင်ပေးမည် ဖြစ်ပြီး လူနာတစ်ဦးလျှင် ကုသမှုကြာမြင့်ချိန် (၄) နာရီခန့်ဖြင့် နေ့စဉ်ကုသပေးသွားမည် ဖြစ်သည်။

အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် ဦးသိန်းဟုတ် မှလည်း “ပြည်သူလူထုကျန်းမာရေးကို ပံ့ပိုးပေးခြင်းက ကျွန်တော်တို့ရဲ့လုပ်ဆောင်နေတဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေ ထဲမှာ အဓိက အချက်တစ်ခု အဖြစ် ပါဝင်နေပါတယ်။ အခုလှူဒါန်းမှုက အက်တမ်(ATOM)ရဲ့ လူမှုအကျိုးပြု လုပ်ငန်းမဏ္ဍိုင်ကြီး (၃) ရပ် အောက်ကနေ ဆောင်ရွက်ခဲ့တာဖြစ်သလို ကျွန်တော်တို့အနေနဲ့ တကယ်လိုအပ် ချက်ရှိနေတဲ့ နေရာတွေမှာ ကူညီပံ့ပိုးပေးနိုင်ဖို့ အမြဲကြိုးစားနေမှာပါ။ မြန်မာနိုင်ငံက လူနာတွေရဲ့ တကယ့် လိုအပ်ချက်ပေါ် မူတည်ပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ အရေးပေါ်ကျောက်ကပ်ဆေးသန့်စင် ကုသမှုလိုအပ်နေတဲ့ လူနာတွေအတွက် အထောက်အပံ့ကောင်းဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခုလိုတန်ဖိုးရှိလှတဲ့ လူမှု အသိုင်းအဝိုင်းအတွက် လူမှုဘ၀တွေအဆင်ပြေစေဖို့ ကူညီခွင့်ရတဲ့အပေါ်မှာလည်း တကယ်ကို ကျေးဇူးတင်မိပါတယ်။ စက်တပ်ဆင် ခြင်းလုပ်ငန်းစဉ်တွေအားလုံး အပြီးသတ်ပြီး လူနာတွေ အမြန်ဆုံး ကုသမှုခံယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ကျောက်ကပ်လူနာများအတွက် ကျောက်ကပ်သန့်စင်ဆေးကြောခြင်းဟာ လွန်စွာအရေးပါလျက်ရှိပြီး လက်ရှိတွင် လူနာအများစုသည် စက်ပစ္စည်းနှင့် ကုသမှု အရင်းအမြစ် အခြေအနေအရ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ရှိနေကြောင်း သိရှိရပါသည်။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံတွင် ကျောက်ကပ် ဆေးကုသမှုအတွက် လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်ပြီး ကျောက်ကပ်ဆေးရန် စောင့်ဆိုင်း လူနာအများ အပြားဖြင့် ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ အရေးတကြီး လိုအပ် နေကြောင်း သိရှိရသည်။

မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးမှလည်း “ကျောက်ကပ် ရောဂါခံစား နေရသူတွေ အတွက် Dialysis ကုသမှုဟာ အသက်ရှင်နိုင်ရေးအတွက် အလွန်အရေးကြီးပါတယ်။ ကျောက်ကပ် ဆေးစက် (၁) လုံးလှူဒါန်းခြင်းက လူနာများစွာရဲ့ အသက်ကို သက်တမ်း ကြာရှည်အောင် အသက်ရှင်သန်ခွင့် ပေးနိုင်တာမို့ အင်မတန်မှမွန်မြတ်တဲ့အလှူလည်း ဖြစ်ပါတယ်။ ဆေးရုံကိုတော့ ၁၉၃၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး လူနာပေါင်း များစွာကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တာ အခုဆိုရင် ၈၉ နှစ်ရှိပါပြီ။ အက်တမ်(ATOM) ရဲ့ စေတနာနဲ့ ပံ့ပိုးမှုကြောင့် လူနာများဟာ သင့်တော်တဲ့ ကုသမှုကို ဆက်လက် ရရှိနိုင်ကြမှာဖြစ်ပြီး မိသားစုများအတွက်လည်း မျှော်လင့်ချက်အလင်းရောင်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ အကျိုး အမြတ် မကြည့်ဘဲ လူသားချင်းစာနာစိတ်နဲ့ ပြုလုပ်ခဲ့တဲ့ အက်တမ်(ATOM) ရဲ့ ဒီလှူဒါန်းမှုက လူမှုအသိုင်း အဝိုင်းအတွက် စံပြကောင်းတစ်ခုဖြစ်တဲ့အတွက် အထူးပင်တန်ဖိုးထား ကျေးဇူးတင်ရှိပါတယ်” ဟု ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
အက်တမ်(ATOM) အနေဖြင့် “လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်” လူမှုအကျိုးပြု မဏ္ဍိုင်အောက်တွင် ၂၀၂၂ ခုနှစ်မှစတင်ကာ စုစုပေါင်း မြန်မာငွေကျပ်သိန်း (၂၃,၀၀၀) ကျော် ရင်းနှီးမြှုပ်နှံမှုနှင့်အတူ လူဦးရေ (၃၀၀,၀၀၀) ခန့်အား ကူညီပံ့ပိုးပေးထားနိုင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွက် ကျန်းမာရေး ဝန်ဆောင်မှု များနှင့် ပညာရေးအား ယုံကြည်စိတ်ချစွာ လွယ်လွယ်ကူကူဖြင့် ပိုမိုလက်လှမ်းမှီနိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။

လူမှုအသိုင်းအဝိုင်းအတွက် အကျိုးများစွာဖြစ်ထွန်းစေသော လုပ်ဆောင်ချက်များတွင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အက်တမ်(ATOM) သည် လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုးအတွက် စုစုပေါင်း မြန်မာငွေကျပ် သိန်း(၈၀,၀၀၀)ခန့် ကူညီလှူဒါန်းထားနိုင်ခဲ့ပြီး လူပေါင်း (၁.၁) သန်းခန့်အား ပံ့ပိုးပေးနိုင်ခဲ့ပြီးဖြစ်သည်။ အက်တမ်(ATOM) သည် ပညာရေး၊ ကျန်းမာရေးနှင့် အားလုံးပါဝင်သော ဒစ်ဂျစ်တယ် ကဏ္ဍများတွင် ပံ့ပိုးကူညီပေးခြင်းဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများ၊ အထူးသဖြင့် အမှန်တကယ် လိုအပ်နေသူများကို အားပေးမြှင့်တင်ရင်း ပိုမိုကောင်းမွန်သော လူမှုဘဝများ ဆက်လက်ဖော်ဆောင်ပေးရန် စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်သည်။
NZ (ရိုးရာလေး)

