ကိုဗစ်-၁၉ ဆေးရုံများသို့ မြန်မာကျပ် ၁၃၃ ‌သန်းကျော်တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ တယ်လီနောမြန်မာ လှူဒါန်း

Photo-2_Telenor-donates-MMK.jpg

တယ်လီနောမြန်မာသည် လူမှုအသိုင်းအဝိုင်းများ ကို စွမ်းဆောင်ရည်မြှင့်တင်ပေးမည့် ကတိကဝတ်နှင့်အညီ ရန်ကုန်မြို့ရှိ အများပြည်သူပိုင် ကိုဗစ်-၁၉ ဆေးရုံ (၆) ရုံသို့ မြန်မာကျပ် ၁၃၃ သန်းကျော် တန်ဖိုးရှိ (အမေရိကန်ဒေါ်လာ ၁ သိန်း) ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခဲ့သည်။ တယ်လီနောမြန်မာလှူဒါန်းခဲ့သော ဆေးရုံ (၆) ရုံမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး-လှိုင်သာယာ၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနတို့ ဖြစ်ကြပြီး လက်ရှိတွင် ကို‌ဗစ်-၁၉ သံသယနှင့် ကူးစက်လူနာ (၂,၀၀၀) ဦးခန့်ကို ကုသပေးလျက်ရှိသည်။

ကျန်းမာရေးမှူးများနှင့် တိုင်ပင်ဆွေးနွေး၍ တယ်လီနောမြန်မာသည် အထက်ဖော်ပြပါ ဆေးရုံ (၆) ရုံတွင် မရှိမဖြစ် လိုအပ်လျက်ရှိသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လှူဒါန်းရာတွင် ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ X-ray နှင့် ECG စက်များ၊ အောက်ဆီဂျင်နှင့် အောက်ဆီဂျင်ထောက်ပံ့လုပ်ဆောင်ပေးသည့် စက်ပစ္စည်းများနှင့် ကျန်းမာရေးထောက်ခံချက်ပြည့်ဝသည့် စံချိန်စံညွှန်းမီ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ (medical grade PPE)၊ ဦးခေါင်းစွပ်များ (caps)၊ တစ်ခါသုံးစွန့်ပစ် လက်အိတ်များနှင့် N95 1860 အမျိုးအစား နှာခေါင်းစည်းများ စသည်တို့ကို ပံ့ပိုးပေးခဲ့သည်။ ယခုကဲ့သို့ ပံ့ပိုးမှုသည် ရှေ့တန်းတိုက်စစ်မှူးကျန်းမာရေးဝန်ထမ်းများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန်နှင့် လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်၊ ချောမွေ့စေရန် ရည်ရွယ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ လျင်လျင်မြန်မြန်ကူးစက်ခံရမှုကို လျှော့ချနိုင်ရန်နှင့် နည်းပညာအကူအညီဖြင့် ဖျားနာပြသမှု ဆေးခန်းများ (fever clinic) ၏ ဝန်ထုပ်ဝန်ပိုးများလျော့ချနိုင်ရန်အတွက် ရန်ကုန်ရှိ လူနာများထံမှ ဖုန်းခေါ်ဆိုမှု များအား ကူညီဖြေဆိုနှစ်သိမ့်အားပေးလုပ်ဆောင်နိုင်ရန် စေတနာရှင် ကျန်းမာရေးမှူးများ (ဆရာဝန်များနှင့် သူနာပြုများ) ဖွဲ့စည်းထားသော လုပ်အားပေးအဖွဲ့အစည်း HICA ထံသို့ တယ်လီနောမြန်မာအနေဖြင့် စက်တင်ဘာ လအတွင်း ဆင်းကတ် ၃၀၀၀ လှူဒါန်းခဲ့ပြီး ထိုဆင်းကတ်များထဲမှ ဆင်းကတ် ၃၀၀ ကို ဒေတာအကန့်အသတ်ဖြင့် အခမဲ့ထည့်သွင်းပေးထားသည်။

တယ်လီနောမြန်မာသည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် ကနဦးကာလမှစ၍ ကူညီပံ့ပိုးမှုများ လုပ်ဆောင်လျက် ရှိပါသည်။

· လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အချိန်ကာလအတွင်းပေးအပ် သုံးစွဲသူများအနေဖြင့် ဒေတာများ ကို ပိုမိုအသုံးပြုနိုင်စေရန်အတွက် ဖုန်းငွေဖြည့်တိုင်း ရရှိလာမည့် ဖြည့်သွင်းငွေ၏ ၅၀ ရာခိုင်နှုန်း (50%) ကို ဖုန်းဘေလ်အပိုလက်ဆောင်အဖြစ် ပေးအပ်ခြင်း။

· ကိုဗစ်-၁၉ စင်တာများ၌ အသွားအလာကန့်သတ်၊ စောင့်ကြည့်ခံနေရသည့် ပြည်သူများ အတွက် ဒေတာ 1GB ပါဝင်သည့် ဆင်းကတ်ပေါင်း (၂၅,၀၀၀) ကို ဒေသခံအစိုးရများမှတစ်ဆင့် ပံ့ပိုးကူညီပေးအပ်ခြင်း။

· တစ်ကိုယ်ရေသုံး သန့်ရှင်းရေး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို Network Activities Group (NAG) မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ယာယီကိုဗစ်-၁၉ စောင့်ကြည့်စင်တာ ၁၅ ခု သို့ လှူဒါန်းပေးအပ်ခဲ့ခြင်းသည့်အပြင် တယ်လီနောမြန်မာနှင့် သုံးစွဲသူများသည် စာတိုပေးပို့မှုမှ တစ်ဆင့် မြန်မာကျပ် သန်း ၇၀ ကို နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ဇူလိုင်လအတွင်း လှူဒါန်းပေးအပ်ခဲ့ခြင်း။

· ရောဂါကာကွယ်ရန် နည်းစနစ်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ခပ်ခွာခွာနေခြင်း အလေ့အကျင့်များ အပြင် ၎င်းတို့၏ နီးစပ်ရာအသိုင်းအဝိုင်းများတွင်လည်း အဆိုပါ သတင်းအချက်အလက်များကို ပြန်လည်မျှဝေရန် ဝန်ထမ်းများ၊ စီးပွားရေးမိတ်ဖက်များနှင့် မြန်မာလူမှုအသိုင်းအဝန်းများအကြား ကျန်းမာလုံခြုံသည့် မြန်မာ (Stay Safe Myanmar ) ကမ်ပိန်းမှတစ်ဆင့် အသိပညာပေးခြင်း။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိကတည်းက အစိုးရ၊ လူမှုအသိုင်းအဝိုင်းနှင့် ဝန်ထမ်းများထံသို့ မြန်မာကျပ်ငွေ(၂၈၉) သန်းကျော်ကို ယနေ့အချိန်အထိ ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။ တယ်လီနောမြန်မာသည် အမျိုးသားအဆင့် အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်များဖြစ်ပေါ်ချိန်များတွင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ တာဝန်သိ လူမှုအကျိုးပြု လုပ်ငန်းများ အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် တယ်လီနောသည် ၂ဝ၁၅ ခုနှစ်မှ ယနေ့တိုင်အောင် ဘေးအန္တရာယ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် မြန်မာ ကျပ်ငွေ (၁,၃၈၂) သန်းကျော်ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top