ငလျင်ဘေးကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဆီးရီးယားလူငယ်လေး သူ့ရဲ့အိုင်ဒေါ ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရခဲ့

6.3.2023-yyl-iamge-6.jpg

ဖေဖော်ဝါရီလက ဆီးရီးယားလူငယ်လေးဟာ ငလျင်ဘေးကနေ အသက်ရှင်လွတ်မြောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေကို သူ့ရဲ့အိုင်ဒေါ ဘောလုံးသမား ရော်နယ်ဒိုနဲ့ တွေ့ဆုံချင်တယ်လို့ ပြောခဲ့တာပါ။ သူဟာ AI Nassr ကစားတာကို ကြည့်ဖို့ ဖိတ်ကြားခံရပြီးနောက် မတ်လ ၃ ရက်နေ့က ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဆီးရီးယားက ကယ်ဆယ်ရေးသမားတွေကို သူ့ရဲ့အိုင်ဒေါနဲ့ တွေ့ဆုံချင်တယ်လို့ နာဘီလ် ဆာအီတ်ဆိုတဲ့ အဲ့ဒီလူငယ်လေး တောင်းဆိုနေတာ ပါဝင်တဲ့ ဗီဒီယိုဟာ ပြီးခဲ့တဲ့လက လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့သွားခဲ့တာပါ။ ဒါဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ ဆီးရီးယားမှာ လူပေါင်း ၅၀၀၀၀ ကျော်သေဆုံးစေခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာပါ။

ဆာအီတ်က သူ့ရဲ့အိုင်ဒေါနဲ့ တွေ့ဆုံတဲ့အချိန် အရမ်း​ပျော်ခဲ့တဲ့အပြင် ချစ်တယ်လို့လည်းပြောခဲ့ပါတယ်။ သူတို့နှစ်ဦး high five လုပ်ခဲ့တဲ့အပြင် ပွေ့ဖက်ခဲ့ကြပါသေးတယ်။ “ကျွန်တော် ရော်နယ်ဒိုကို မြင်တဲ့အချိန် အိပ်မက်လို့ ထင်ခဲ့တာ။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်နိုင်ခဲ့ဘူး။ ဒီအိပ်မက်က ဘယ်တော့ပြီးသွားမလဲ မသိခဲ့ဘူး။ အိပ်မက်မဖြစ်ပါစေနဲ့လို့ ဘုရားသခင်ကို ကျွန်တော် ဆုတောင်းမိတယ်”လို့ ဆာအီတ်က သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးတဲ့အချိန် ပြောသွားခဲ့ပါတယ်။”ရော်နယ်ဒိုကို လူတိုင်း မြင်တွေ့ခွင့်ရစေချင်တယ်။ သူက အရမ်းဖော်ရွေကြင်နာတတ်တဲ့သူတစ်ယောက်ပါ”လို့လည်း သူက ဆိုပါတယ်။

ရော်နယ်ဒိုနဲ့ တွေ့ဆုံတဲ့ Video ကို ကြည့်ရှုရန်

Ref: Dream-Come-True Moment: Syrian Boy Who Survived Earthquake Meets Idol Cristiano Ronaldo

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top