ဘာသာစကားတိုင်းမှာသုံးနိုင်တဲ့ စကားလုံး

huh.jpg

ဘာသာစကားတိုင်းမှာသုံးနိုင်တဲ့ စကားလုံး

တစ်ခုခုနဲ့ပတ်သက်ပြီး ရှုပ်ထွေးသလိုဖြစ်သွားတဲ့အခါမျိုးမှာ “Huh?” လို့ ပြောကြလေ့ရှိတာကို တစ်ခါလောက်တော့ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဘာမှမထူးခြားတဲ့စကားလုံးတစ်ခုလို့ထင်ရပေမဲ့ သူ့လိုထူးခြားမှုရှိတဲ့စကားလုံးမျိုးက သိပ်များများတော့ရှိမနေပါဘူး။

ဘာများထူးခြားနေလို့လဲ? ကမ္ဘာပေါ်မှာသုံးစွဲနေကြတဲ့ဘာသာစကားအားလုံးမှာ ဒီစကားလုံးကိုသုံးလို့ရနေတာက ထူးခြားတာပါ။ အများအားဖြင့် ဘာသာစကားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု၊ တူညီမှု ရှိမနေတတ်ကြပေမဲ့ “Huh? ” စကားလုံးကိုတော့ ဘယ်လိုဘာသာစကားနဲ့ပြောသည်ဖြစ်စေ ကြားသူတိုင်းသဘောပေါက်နားလည်တယ်လို့ ဆိုပါတယ်။

Ref: DidYouKnowBlog
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top