၂၆ ဧကကျယ်ဝန်းတဲ့ ဖန်လုံအိမ်စတော်ဘယ်ရီစိုက်ခင်း

strawberry.png

ဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားစီရင်စုမှာရှိတဲ့ Dyson Farming ရဲ့  ၂၆ ဧကကျယ်ဝန်းတဲ့ စတော်ဘယ်ရီစိုက်ခင်းကတော့ စိုက်ပျိုးရေးကဏ္ဍအတွက် အံ့အားသင့်စရာ ဆန်းသစ်မှုတွေ ပြသနိုင်ခဲ့ပါတယ်။

ဒိုင်ဆန်(Dyson) ကုမ္ပဏီက တည်ဆောက်ထားတဲ့ ဖန်လုံအိမ် စိုက်ခင်းဟာ ဒေါင်လိုက်စိုက်ခင်း နည်းစနစ်ကို အဆင့်မြင့်နည်းပညာနဲ့ ပေါင်းစပ်ထားတာပါ။ ဆတ်သွားတပ်ဆင်ထားတဲ့ (အလေးချိန်  ပေါင် ၁၁၀၀ ရှိ) ဘီးလုံးကြီးတွေထဲမှာ ဆင့်တန်းတွေ ထည့်သွင်းပြီး စတော်ဘယ်ရီပင်တွေ နေရောင်ကောင်းစွာ ရရှိစေဖို့ စီမံထားတာပါ။


ဒါ့အပြင် ပင်ဖျက်ပိုးတွေ မရှင်သန်နိုင်စေဖို့ ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်တဲ့ စက်ရုပ်လက်တံတွေလည်း တပ်ဆင်ထားပါတယ်။ ဒီစိုက်ခင်းထဲမှာ စတော်ဘယ်ရီအပင်ပေါင်း ၁.၂ သန်းကျော် စိုက်ပျိုးထားပြီး စတော်ဘယ်ရီသီးတွေ ရင့်မှည့်လာတဲ့အခါ စက်ရုပ်လက်တံ ၁၆ ခုကနေ စတော်ဘယ်ရီသီးတွေကို ခူးဆွတ်တာ ဖြစ်ပါတယ်။

တစ်လကို စတော်ဘယ်ရီသီး အလုံးရေ ၂ သိန်းအထိ ခူးဆွတ်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ Dyson Farming ရဲ့ အဓိက အားသာချက်ကတော့ ပိုးသတ်ဆေးနဲ့ ဓာတုဆေးဝါးတွေ လုံးဝသုံးစွဲမှု မရှိဘဲ စိုက်ပျိုးနိုင်ခြင်းပါပဲ။

Ref: Dyson Farming has reimagined agriculture with a 26-acre robotic strawberry glasshouse

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top