တောင်အာဖရိကမှာ COVID-19 ရောဂါကြောင့် နှစ်ရက်သား ကလေးငယ် သေဆုံး

22-5-2020-yyl-049.jpg

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ရက်သားအရွယ် ကလေးငယ်တစ်ယောက် သေဆုံးခဲ့ပါတယ်။ မိခင်ဖြစ်သူမှာ COVID-19 ရောဂါရှိနေတယ်လို့ တွေ့ရှိခဲ့လို့ ကလေးငယ်ကို စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ကလေးငယ်ဟာ လမစေ့ဘဲ မွေးဖွားလာခဲ့ပြီး မွေးမွေးချင်း အသက်ရှူကြပ်နေလို့ အသက်ရှူစက်တပ်ပေးခဲ့ရပါတယ်။

တောင်အာဖရိကနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၈၀၀၃ ယောက်ရှိပြီး သေဆုံးသူ ၃၃၉ ယောက် ရှိနေပါတယ်။ လာမယ့်လတွေအတွင်း တောင်အာဖရိကနိုင်ငံမှာ COVID-19 ကြောင့် လူ ၄၀၀၀၀ အထိ သေဆုံးနိုင်တယ်လို့ ပုံစံခွက်နဲ့တွက်ချက်မှုမှာ ခန့်မှန်းထားပါတယ်။ နှစ်ရက်သားအရွယ် ကလေးငယ်ဟာ တောင်အာဖရိကနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရတဲ့ အသက်အငယ်ဆုံးဖြစ်တယ်လို့ အာဖရိကရဲ့ ရောဂါထိန်းချုပ်ရေးစင်တာ ဒါရိုက်တာ အန်ကင်ဂါဆောင်က ပြောပါတယ်။ မေလ ၅ ရက်ကလည်း ဗြိတိန်နိုင်ငံမှာ သုံးရက်သားအရွယ် ကလေးငယ်တစ်ယောက် COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top