ရန်ကုန်တိုင်းဒေသကြီးအတွင်းက တရားရုံးတွေအားလုံး ရက်ပေါင်း(၃၀) ရပ်နားလိုက်ပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တရားရုံးတွေမှာ ရက်ပေါင်း (၃၀) ကြာ အမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်တွေ ဆိုင်းငံထားရှိမှုနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးဝင်းထိန်ကို ရိုးရာလေးမီဒီယာက ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ Covid-19 ကာကွယ်တားဆီးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းက တရားရုံးတွေမှာစစ်ဆေးနေတဲ့ ရက်သတ္တပတ် (၃) ပတ်ကြိုတင်ကြေညာထားတဲ့ရာဇဝတ်မှု၊ တရားမမှု နဲ့ အချူပ်တရားခံ စတဲ့အမှုကိစ္စတွေကို မတ်လ (၃၀) ရက်နေ့မှ ဧပြီ (၃၀) ရက်နေ့အထိ ဆိုင်းငံလိုက်ပြီဖြစ်တယ်လို့ မတ်လ (၂၄) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

Camera&Edit- Cherry

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top