စာဖတ်ပရိသတ်တွေ အားလုံး မင်္ဂလာပါရှင့်။
ဒီတစ်ပတ်မြန်မာစာ မြန်မာစကားအစီအစဉ်မှာ တင်ဆက်ပေးချင်တဲ့အကြောင်းအရာက ရွတ်ဆိုတဲ့အခါ အသံထွက်တူပေမဲ့ အဓိပ္ပာယ်အရ ကွဲပြားနေတဲ့ “သံတူကြောင်းကွဲ” သတ်ပုံ ရေးသားနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
ကြိုး နှင့် ကျိုး
ကြိုး- အကြောင်းအရာတစ်ခု (သို့မဟုတ်) လူတစ်ယောက်ကို ချီးကျူးပြောဆိုချင်တဲ့အခါမျိုးတွေမှာ “ကြိုး” နဲ့ ရေးသားရပါတယ်။
ဥပမာ- ဒီကလေးက စာ “ကြိုး” စားတယ်။
– ဒီလမ်းထဲမှာ တဲအိမ်ကလေးတွေ “ကြိုး” ကြား ကြိုးကြာ ရှိတယ်။
ကျိုး- တစ်ခုခုပျက်စီးဆုံးရှုံးသွားတာမျိုးတွေနဲ့ အကြောင်းအရာတစ်ခုကို အပြစ်တင်ပြောဆိုချင်တဲ့အခါမျိုးတွေမှာ “ကျိုး” နဲ့ ရေးသားရပါတယ်။
ဥပမာ- မင်းလက် “ကျိုး” သွားတာလား…..
– အိမ်ခေါင်မိုးက “ကျိုး” ကျိုးကျဲကျဲ မိုးထားပါလား…..
Team (ရိုးရာလေး)