အသံတူသော်လည်း အဓိပ္ပာယ်ကွဲသည့်ဝေါဟာရများ

27.7.2019-1.jpg

စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကား အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာက ရွတ်ဆိုရတဲ့အသံထွက်တူပေမဲ့ အဓိပ္ပာယ်အရ ကွဲပြားနေတဲ့ ဝေါဟာရတွေအကြောင်းဖြစ်ပါတယ်။

ဟည်းနှင့် ဟီး

ဟည်း – ပြင်းထန်ကျယ်လောင်လွန်းတဲ့အသံတွေကို ဖော်ညွှန်းလိုတဲ့အခါမျိုးမှာ အသုံးပြုရတာဖြစ်ပါတယ်။

ဥပမာ – မဟာပထဝီမြေကြီးလည်း ကြီးစွာတုန်ဟည်းလျက်…။

ဟီး – အပြင်အဆင်တစ်ခုခု ဒါမှမဟုတ်အဆောက်အဦတစ်ခုခုရဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ညွှန်းပြတဲ့နေရာမှာ သုံးရပါတယ်။

ဥပမာ – ကျောင်းကြီးကို ဟီးနေအောင်ဆောက်၍ လှူဒါန်းထားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top