လူသိနည်းသော သိပ္ပံဆိုင်ရာအချက် (၁၃) ချက်

Fascinating-Science-Facts.jpg

ကျွန်တော်တို့ဟာ ကျောင်းပညာရေးမှာ သိပ္ပံနဲ့သက်ဆိုင်ရာ သီအိုရီတွေ၊ အချက်အလက်တွေ တော်တော်များများ ကိုသင်ခဲ့ရပါတယ်။ နယူတန်ရဲ့ နိယာမများ၊ ဓာတုဗေဒဒြပ်စင်များ၊ ကမ္ဘာကြီးရဲ့ ကျောက်ချပ်လွှာကြီးများ စသဖြင့်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့သိထားရမှာက သိပ္ပံဆိုတာဟာ ကျောင်းပညာရေးပြီးတာနဲ့ ကျွန်တော်တို့ စွန့်ခွာလိုက်ရမယ့် အရာတစ်ခုမဟုတ်ပါဘူး။

အောက်ဖော်ပြပါအချက်တွေကို သိပြီးဖြစ်မယ်ဆိုရင်တော့ သင်ဟာ သိပ္ပံပညာမှာ အလွန်ကိုစိတ်ပါဝင်စားပြီး ဗဟုသုတကြွယ်ဝသူတစ်ယောက်ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

၁။ ရေဟာ တစ်ချိန်တည်းမှာပဲ ဆူပွက်ခြင်းနဲ့အေးခဲခြင်းဖြစ်နိုင်ပါတယ်

ဟုတ်ပါတယ်။ ဒါကို Triple point လို့ခေါ်ပါတယ်။ မြန်မာသိပ္ပံမှာတော့ ဆုံမှတ်လို့သမုတ်ထားပါတယ်။ ရေဟာ သာမိုဒိုင်းနမစ်ရဲ့ တည်ငြိမ်မှတ်နေရာမှာရောက်ရှိပြီး အခြေအနေသုံးမျိုးဖြစ်တဲ့ အရည်၊ အခဲ၊ အငွေ့ စသည်တို့ကို တစ်ချိန်တည်းမှာ ဖြစ်နေနိုင်ပါတယ်။

ဖော်ပြပါ ဗီဒီယိုကတော့ လေဟာနယ်ထဲမှာရှိတဲ့ ဆိုင်ကလိုဟက်စိမ်း ပဲဖြစ်ပါတယ်။

၂။ လေဆာရောင်ခြည်ဟာ ရေဆင်းလမ်းကြောင်းမှာ ရပ်တန့်သွားနိုင်ပါတယ်

ဒါကို total internal reflection လို့ ခေါ်ပါတယ်။

၃။ ကျွန်တော်တို့ဆီမှာ နေအဖွဲ့အစည်းရဲ့ အစွန်းကို အလွန်လျင်မြန်စွာသွားနေတဲ့အာကာသယာဉ်ရှိနေပါပြီ

ကျွန်တော်တို့ဆီမှာ ကမ္ဘာပေါ် အလွန်လျင်မြန်စွာသွားနိုင်တဲ့ယာဉ်တွေရှိပါတယ်။ ဒါပေမဲ့ စကြဝဠာထဲမှာ သွားဖို့ကတော့ ကမ္ဘာပေါ်ကအကွာအဝေးတွေနဲ့ ဘာမှမဆိုင်တဲ့အတွက် အရမ်းမြန်တာတွေလိုအပ်နေပါတယ်။
ဖော်ပြပါ gif ကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ပလူတိုကိုကျော်ဖြတ်သွားတဲ့ New Horizon အာကာသယာဉ်ရဲ့ အမြန်နှုန်းကို Boeing 747 နဲ့ SR-71 Blackbird တို့နဲ့ နှိုင်းယှဉ်ပြထားခြင်းဖြစ်ပါတယ်။

၄။ ကြက်ဥဟာ ရေအောက်မှာဆိုရင် ဂျယ်လီငါးလိုပါပဲ

မြေကြီးပေါ်ပြုတ်ကျလိုက်တာနဲ့ ကြက်ဥဟာ ကွဲသွားပါလိမ့်မယ်။ ဒါပေမဲ့ သမုဒ္ဒရာအောက် ပေ (၆၀) လောက်ရောက်သွားပြီဆိုတာနဲ့ သူ့ရဲ့ ဖိအားဟာ လေထုဖိအားရဲ့ (၂.၈) ဆဖြစ်သွားပါပြီ။ ဒါကြောင့် သူဟာ ပြန့်ကျဲမနေတော့ဘဲ မမြင်ရတဲ့အခွံတစ်ခုဟာ သူ့ဘေးမှာဝန်းရံလာပါလိမ့်မယ်။

၅။ ပိုက်သာဂိုရပ်သီအိုရမ်ကို ရေနဲ့ သက်သေပြနိုင်ပါတယ်

ဖော်ပြပါ gif ကိုကြည့်ပါ။ ဘာ့ကြောင့်လဲဆိုတာကတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်။

၆။ တွင်းနက်က ကြယ်ကိုဝါးမြိုလိုက်ရင် ဘာဖြစ်သွားမလဲ

ကြယ်တစ်လုံးဟာ တွင်းနက်ထဲကိုပြုတ်ကျသွားပြီဆိုတာနဲ့ ပလက်စ်မာများဟာ အလင်းနှစ်ရာချီသည်အထိ ဖြာထွက်လာပါလိမ့်မယ်။ ကြယ်တစ်လုံးဟာ တွင်းနက်ရဲ့ ပြင်းထန်လှတဲ့ဆွဲငင်အားကြောင့် ဆွဲလိမ်ခံလိုက်ရသလို ဖြစ်သွားပြီး အချို့အပိုင်းများဟာ တွင်းနက်ထဲကိုကျပါမယ်။ အချို့အရာတွေကတော့ ပြင်းထန်လှတဲ့အရှိန်နဲ့ ကန်ထုတ်ခံလိုက်ရပါတယ်။

၇။ မျက်မှန်မပါလည်း သင်မြင်နိုင်ပါတယ်

သင့်ရဲ့ လက်ကို အပ်ပေါက်ရာလောက်လေး လုပ်လိုက်ပါ။ ဒါဆိုရင် ဝင်လာမယ့်အလင်းတွေကို သင့်ရဲ့ မျက်ကြည်လွှာပေါ် စုပေးပြီးသားဖြစ်ပါမယ်။ ဒါဟာ သင့်မျက်မှန်လောက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေ မျက်မှန်မေ့ကျန်ခဲ့တဲ့နေ့မျိုးမှာတော့ ကူညီနိုင်မှာပါ။

၈။ သားအိမ်ထဲမှာ မျက်နှာလေးဟာ ဘယ်လိုပုံပေါ်လာသလဲ

သားအိမ်အတွင်း သန္ဓေသားဖွံ့ဖြိုးမှုဟာ အခုမှ သိပ္ပံပညာရှင်တို့က စတင်လေ့လာနေတုန်းရှိပါတယ်။ ဒါပေမဲ့ အောက်ဖော်ပြပါ animation ကတော့ သားအိမ်ထဲမှာ သန္ဓေသားရဲ့မျက်နှာလေး ဘယ်လိုစတင်လာပုံကို ဖော်ပြပါတယ်။ We could watch this all day.

၉။ သင့်လက်ဆစ်များချိုးခြင်းဟာ ဆိုးဝါးတဲ့အဖြစ်ကိုမပေးပါဘူး

နှစ် (၆၀) လောက် တစ်ချိန်လုံး လက်ဆစ်တွေချိုးခဲ့ဖူးသူနဲ့ မချိုးခဲ့ဖူးသူတို့ကို အနီးကပ်လေ့လာကြည့်ဖူးပါတယ်။ ဒါကတော့ များစွာသော trials တွေထဲမှတစ်ခုဖြစ်ပါတယ်။

၁၀။ ဆိုလာဖလဲတစ်ချက်ဟာ နုဒ်ဗုံးပေါင်းသန်းချီပြီးကွဲတဲ့အခါမှရမယ့်စွမ်းအင်တွေ ပေးနိုင်ပါတယ်

သူတို့ဟာတစ်ချိန်လုံးဖြစ်နေပါတယ်။

၁၁။ ကြောင်များဟာ အမြဲတမ်းအကျကောင်းပါတယ်။ ဘာကြောင့်ပါလဲ

ဒါကတော့ ဖြစ်စဉ်ရဲ့ အနှေးပြကွက်ပါ။ ဘာလို့လဲဆိုတော့ ကြောင်များဟာ သူ့ခန္ဓာရဲ့ တစ်ပိုင်းစီကို သီးခြားစီအသုံးပြုပြီး လှည့်လည်နိုင်ပါတယ်။ (အိမ်မှာ စမ်းမကြည့်ပါနဲ့။ သင်ဟာ လူဖြစ်ပါတယ်။)

၁၂။ ဗုံးပေါက်ခြင်းဟာ ရေထဲမှာထက် မြေပေါ်မှာဆိုရင် ပိုသက်သာပါတယ်

အဲဒီ ရေပူပေါင်းလေးတွေကို တွေ့ပါသလား။ ရေအောက်တစ်နေရာမှာ သင့်အနီး ဗုံးတစ်လုံးပေါက်ခဲ့ရင် သင့်အဆုတ်ဟာတော့ မတွေးဝံ့စရာပါပဲ။ (တချို့သော ဟောလိဝုဒ်ဒါရိုက်တာတွေဟာ ဒီအချက်ကို သတိမထားမိကြပါဘူး)

၁၃။ ဘောလုံးကို အောက်ကိုပစ်ချတဲ့အချိန်မှာလှည့်လိုက်ရင် သူဟာပျံသန်းနေသလိုပါပဲ

ဒါကို Magnus Effect လို့ခေါ်ပါတယ်။ ဘောလုံးလည်တဲ့ဦးတည်ရာနဲ့ သူ့ပတ်ပတ်လည်မှာရှိတဲ့ လေရဲ့ ဦးတည်ရာတို့ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

ကျွန်တော်တို့ ရှေ့ဆက်သွားနေပါတယ်။ သိပ္ပံပညာရဲ့ အကောင်းဆုံးအချက်ကတော့ နေ့စဉ်နေ့တိုင်း အသစ်အသစ်သောတွေ့ရှိမှုတွေကို ပေးနေတာပါပဲ။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top