လေလွင့်တိရစ္ဆာန်တွေအတွက်အငြိမ်းစားစုဆောင်းငွေတွေအကုန်လုံးကို သုံးစွဲဖို့ဆုံးဖြတ်ထားတဲ့ သက်ကြီးရွယ်အိုစုံတွဲ

4.1.2025-yyl-2.jpg

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်က သက်ကြီးရွယ်အိုစုံတွဲတစ်တွဲဟာ တိရစ္ဆာန်ချစ်သူတွေရဲ့နှလုံးသားကို ကြည်နူးဖွယ်ကောင်းတဲ့ အပြုအမူလုပ်ရက်တွေနဲ့ ဖမ်းစားထားပါတယ်။ အမည်မဖော်လိုသူ အဲ့ဒီစုံတွဲဟာ သူတို့ရပ်ကွက်အတွင်းက လေလွင့်တိရစ္ဆာန်တွေကို မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ ဂရုစိုက်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ အဲ့ဒီစုံတွဲရဲ့ဗီဒီယိုကို Xiaohongshu အကောင့်သုံးစွဲသူ Tsuki33u77 က မျှဝေခဲ့တာပါ။ သူတို့စုံတွဲက အဲ့ဒီလူမှုကွန်ယက်အသုံးပြုသူရဲ့ဦးလေးနဲ့အဒေါ်ဖြစ်တယ်လို့ သိရပါတယ်။

သူတို့စုံတွဲက နေ့စဉ် နှစ်ကြိမ် (မနက် ၆ နာရီနဲ့ ညနေ ၆ နာရီ) စက်ဘီးစီးပြီးတော့ ရပ်ကွက်အနှံ့ လေလွင့်တိရစ္ဆာန်တွေကို အစာကျွေးမွေးလေ့ရှိပါတယ်။

သူတို့က လေလွင့်တိရစ္ဆာန်လေးတွေအတွက် အငြိမ်းစားစုဆောင်းငွေအားလုံးနီးပါးကို သုံးစွဲဖို့ ဆုံးဖြတ်ထားတာပါ။ သူတို့က လေလွင့်တိရစ္ဆာန်တွေကို အစာကျွေးတာအပြင် ပိုင်ရှင်တွေက စွန့်ပစ်ထားတဲ့ တိရစ္ဆာန်တွေကိုလည်း ကယ်တင်ထားပါတယ်။ လက်ရှိမှာတော့ မျက်စိကွယ်တာ၊ အရေပြားရောဂါ၊ ထိခိုက်ဒဏ်ရာရတာလို ကျန်းမာရေးပြဿနာတွေခံစားနေရတဲ့ ခွေး (၅) ကောင်နဲ့ ကြောင် (၂) ကောင်ကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။

သူတို့စုံတွဲက သူတို့အခုလိုလုပ်နေတာကို အခြားသူတွေ သိအောင်လုပ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ဗီဒီယိုတင်သူရဲ့ပြောစကားအရသိရပါတယ်။ ဗီဒီယိုတင်သူကလည်း အခုလိုတိုက်တွန်းထားပါတယ်။ “တိရစ္ဆာန်လေးတွေကို ချစ်ပေးဖို့ လူတိုင်းကို မတောင်းဆိုပါဘူး။ ဒါပေမဲ့ လူတိုင်းကတော့ သူတို့လေးတွေအပေါ် အကြင်နာတရားထားပေးကြပါ”တဲ့။

Ref: Elderly Couple In China Spends Entire Retirement Savings To Care For Stray Animals

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top