လူနာက ခွဲစိတ်ကုသဖို့ ငွေကြေး မတတ်နိုင်ရှာဘူး၊ ဒီတော့ ဆရာဝန်က အခမဲ့ ခွဲစိတ်ပေးခဲ့တယ်၊ လူနာက ရောဂါပျောက်သွားတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ကြက် ၂ ကောင် လာပေးပြီး ဆရာဝန်ကို ဂါရဝပြုခဲ့တယ်။ မေတ္တာတရားရဲ့ အသွားအပြန်လေးပေါ့။
ဘိုလစ်ဗီးယားနိုင်ငံသား အသက် ၈၀ အရွယ် အဘိုးအိုက ဆီးကျိတ်ရောဂါကြောင့် ခွဲစိတ်မှုလုပ်ရမှာဖြစ်ပြီး သူ့မှာ ကုန်ကျစရိတ်ပေးဖို့ မရှိပေမဲ့ ဆရာဝန် ဇာမိုရာက မေတ္တာနဲ့ ခွဲစိတ်ပေးခဲ့တာပါ။ ရောဂါကနေ သက်သာသွားတော့ အဘိုးအိုက ကြက် ၂ ကောင် လာပေးပြီး ကျေးဇူးတုံ့ပြန်ခဲ့သလို ဇာမိုရာကလည်း ဝမ်းပန်းတသာ လက်ခံပေးခဲ့တာပါ။
Ref: Elderly man pays doctor with chickens for prostate surgery
NZ (ရိုးရာလေး)

