မူးယစ်သောက်စားပြီးယာဉ်မောင်းနှင်မှုအတွက်ပြစ်ဒဏ်တွေကို သြစတေးလျမှာ ပြောင်းလဲသတ်မှတ်

dd1-886878.jpg

သြစတေးလျနိုင်ငံတောင်ပိုင်း၊ New South Whales ပြည်နယ်မှာတော့ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တဲ့ဘယ်သူ့ကိုမဆို ယာဉ်မောင်းလိုင်စင်သိမ်းတဲ့အပြင် ဒဏ်ငွေ ဒေါ်လာ (၆၀၀) နီးပါးပေးဆောင်စေဖို့ သတ်မှတ်ပြဌာန်းလိုက်ပါပြီ။

မူးယစ်သောက်စားထားမှုအနည်းငယ်ရှိနေတဲ့ယာဉ်မောင်းတစ်ဦးအနေနဲ့ (ပထမဆုံးအကြိမ် အပြစ်ကျူးလွန်မှုဖြစ်ရင်တောင်မှ) ဒဏ်ငွေ (၅၆၁) ဒေါ်လာပေးဆောင်ရမှာဖြစ်ပြီး လိုင်စင် (၃)လ ပိတ်ပင်ခံရမယ့်ပြစ်ဒဏ်ကို အခုမေလ (၂၀) ရက်ကနေ စတင်ကျင့်သုံးတော့မှာပါ။

မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တဲ့ဘယ်သူ့ကိုမဆို ယာဉ်မောင်းလိုင်စင်သိမ်းတဲ့အပြင် ဒဏ်ငွေ ဒေါ်လာ (၆၀၀) နီးပါးပေးဆောင်စေဖို့ သတ်မှတ်ပြဌာန်းလိုက်

“နည်းနည်းလေးလောက်ပဲ မူးယစ်သောက်စားထားတာဖြစ်ပါစေ.. မူးယစ်သောက်စားပြီး မောင်းနှင်တယ်လို့ စစ်ဆေးသိရှိတာနဲ့ ယာဉ်မောင်းလိုင်စင်ကို ချက်ချင်းသိမ်းမှာဖြစ်ပါတယ်” လို့ လမ်းစည်းကမ်းရေးရာဝန်ကြီး အင်ဒရူး ကွန်စ်တန့် (Andrew Constance) က ပြောခဲ့ပါတယ်။

မူးယစ်သောက်စားပြီး မောင်းနှင်တယ်လို့ စစ်ဆေးသိရှိတာနဲ့ ယာဉ်မောင်းလိုင်စင်ကို ချက်ချင်းသိမ်းမှာဖြစ်

ဒီပြစ်ဒဏ်တွေကို New South Whales ပြည်နယ်ရဲ့လမ်းမတွေမှာ မူးယစ်သောက်စားပြီးယာဉ်မောင်းနှင်မှုကို စစ်ဆေးလျှော့ချဖို့ပြင်ဆင်ထားတဲ့ ၂၀၂၁ ယာဉ်အန္တရာယ်ကင်းဝေးရေးအစီအစဉ်မှာ သတ်မှတ်ကျင့်သုံးသွားတော့မှာပါ။

ရွေ့လျား မူးယစ်ဆေးဝါးစစ်ဆေးမှုစနစ် (Mobile Drug Testing) နဲ့ စစ်ဆေးပြီး အပြစ်ကျူးလွန်တယ်လို့ တွေ့ရှိရတဲ့ ယာဉ်မောင်းသူမှန်သမျှဟာ ပြစ်ဒဏ်တွေကို အရင်ကလို လျော့ပေါ့မှုမရနိုင်တော့ဘဲ ချွင်းချက်မရှိ ကျခံရတော့မှာလည်းဖြစ်ပါတယ်။

ရွေ့လျား မူးယစ်ဆေးဝါးစစ်ဆေးမှုစနစ် (Mobile Drug Testing) နဲ့ စစ်ဆေးပြီး အပြစ်ကျူးလွန်တယ်လို့ တွေ့ရှိရတဲ့ ယာဉ်မောင်းသူမှန်သမျှဟာ ပြစ်ဒဏ်တွေကို ချွင်းချက်မရှိ ကျခံရတော့မှာဖြစ်

ပြီးခဲ့တဲ့နှစ်အတွင်းကတော့ New South Whales ပြည်နယ်ကလမ်းမတွေမှာ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်တာကြောင့် ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုတွေမှာ လူ (၆၈) ဦးလောက်ထိ အသက်ဆုံးရှုံးခဲ့ရပြီး မူးယစ်ဆေးသုံးစွဲပြီး မောင်းနှင်တာကြောင့် ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုတွေမှာလည်း သေဆုံးသူဦးရေက အလားတူရှိခဲ့တယ်လို့ သိထားရပါတယ်။

Ref: Daily Mail “ALL drink-drivers will lose their licences under new crackdown on boozy motorists”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top