ဗို့အား ၈၆၀ ရှိတဲ့ လျှပ်စစ်ဓာတ် ထုတ်လွှတ်ပြီး သားကောင်ဖမ်းတဲ့ ငါးရှဉ့်

10.6.2024-yyl-2.jpg

တောင်အမေရိကတိုက်မှာရှိတဲ့ အမေဇုန်မြစ်နဲ့ အိုရီနိုကိုမြစ်တွေထဲမှာ လျှပ်စစ်ငါးရှဉ့် (electric eel) လို့ အမည်ရတဲ့ ငါးရှဉ့်မျိုးစိတ်တွေ ကျက်စားပါတယ်။ လျှပ်စစ်ငါးရှဉ့်ရဲ့ ထူးခြားချက်ကတော့ သားကောင်တွေကို ဖမ်းယူတဲ့အခါမှာ လျှပ်စစ်ဓာတ် ထုတ်လွှတ်ပြီး ဖမ်းယူတာပါပဲ။ သူတို့ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ဇီဝလျှပ်စစ်ဓာတ်ဟာ ဗို့အား ၈၆၀ အထိ ရှိပါတယ်။

သူတို့ခန္ဓာကိုယ်ကနေ လျှပ်စစ်ဓာတ် ထုတ်လွှတ်တတ်တဲ့အကြောင်းကို ၁၇၇၅ ခုနှစ်မှာ စတင်လေ့လာ တွေ့ရှိခဲ့တာပါ။ လျှပ်စစ်ငါးရှဉ့်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လေ့လာတွေ့ရှိမှုကတစ်ဆင့် ၁၈၀၀ ပြည့်နှစ်မှာ လျှပ်စစ်ဘက်ထရီကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Electric eel

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top