မြေးလေးရပြီဆိုတာသိခဲ့တဲ့အခိုက်အတန့်ကို Temporary ဗီဒီယိုမှာ ထည့်ပြခဲ့တဲ့ အဆိုတော်အမ်မီနမ်

4.10.2024-yyl-1.jpg

ရက်ပ်ပါအဆိုတော်ကြီး အမ်မီနမ်ရဲ့သမီးဖြစ်သူ ဟေလီဂျိတ်ဟာ ပထမဆုံးရင်သွေးလေးလွယ်ထားရပါတယ်။ အမ်မီနမ်က သူ မြေးလေးပိုင်ဆိုင်ရပြီဆိုတာကို အောက်တိုဘာ ၃ ရက်နေ့က ထွက်ရှိခဲ့တဲ့ Temporary သီချင်းဗီဒီယိုအသစ်မှာ မျှဝေထားပါတယ်။

ဟေလီဂျိတ် ကလေးဘဝကစပြီး မင်္ဂလာဆောင်တဲ့အချိန်အထိ အမ်မီနမ်နဲ့ ဂျိတ်တို့ရဲ့ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေနဲ့ ဗီဒီယိုကလစ်တွေပါဝင်တဲ့ အဲ့ဒီသီချင်းဗီဒီယိုအဆုံးသတ်မှာ ဂျိတ်က ကျောဘတ်မှာ “Grandpa” ဆိုတဲ့စာသားပါတဲ့ ဂျာစီအပြင် အာထရာဆောင်းပုံတွေနဲ့ သူ့ဖခင်ဖြစ်သူကို အံ့အားသင့်စေခဲ့တာပါ။ အမ်မီနမ်က သမီးဖြစ်သူ ကိုယ်ဝန်ရှိတာသိပြီး အံ့အားသင့်သွားခဲ့ပါတယ်။ ဂျိတ်က ဖခင်ဖြစ်သူရဲ့အမူအရာကိုမြင်ပြီး ရယ်မောပျော်ရွှင်နေခဲ့ပါတယ်။

ဂျိတ်က ချစ်သူကောင်လေး အီဗန် မက်ကလင်တော့ခ်နဲ့ မေလက လက်ထပ်ခဲ့တာပါ။

Temporary သီချင်းဗီဒီယို- https://www.youtube.com/watch?v=ZaK9Wi5ho0o

Ref: Eminem’s daughter Hailie Jade shares pregnancy in dad’s ‘Temporary’ music video

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top