ကလေးတွေအတွက် နို့ဘူးဝယ်ရင်း ဒေါ်လာ ၁ သန်း ထီဆုကြီး ကံထူးခဲ့သူ

2-2-2022-yyl01.jpg

ကလေးတွေအတွက် ချောကလက်နို့ဘူး ဝင်ဝယ်ရင်း ခဲခြစ်ထီလက်မှတ်တစ်စောင် ကံစမ်းခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၁ သန်းတန် ထီဆုကြီး ပေါက်ခဲ့ပါတယ်။

ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်သူ ဒင်းနစ်ဝီလောက်ဘီက 7-Eleven ဆိုင်မှာ ချောကလက်နို့ဘူး ဝင်ဝယ်ရင်း ထီထိုးခဲ့တာပါ။ ဒေါ်လာ ၁ သန်း ထီဆုကြီး ပေါက်နိုင်ခြေက ၁.၆၃ သန်းပုံ၊ ၁ ပုံပဲ ရှိပေမဲ့ ထီပေါက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ နှစ် ၃၀ ကျော်အတွင်း နှစ်စဉ် အရစ်ကျခွဲယူရင် ဒေါ်လာ ၁ သန်း ရမှာဖြစ်ပေမဲ့ အခွန်မဆောင်မီ တစ်လုံးတစ်ခဲတည်း ဆုငွေ အမေရိကန်ဒေါ်လာ ၆၄၀,၂၀၅ ပဲ ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ref: CNN “He went to 7-Eleven for chocolate milk and left with a million bucks”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top