ဟယ်ရီပေါ်တာဇာတ်ကားမှာ ဟယ်မွိုင်နီ ဂရိန်ဂျာ ဇာတ်ရုပ်နဲ့ နာမည်ရလာခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မင်းသမီး အမ်မာဝက်ဆင်ဟာ ကားမောင်းခွင့် ၆ လ အပိတ်ခံလိုက်ရပါတယ်။ အောက်စဖို့ဒ်မှာ တစ်နာရီ မိုင် ၃၀ နှုန်းမောင်းရတဲ့ ဇုန်မှာ ၃၈ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့လို့ ဒဏ်ကြေး ပေါင် ၁၀၄၄ လည်း ပေးဆောင်ခဲ့ရပါတယ်။
အောက့်စဖို့ဒ်၊ Banbury Road မှာ အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့တယ်လို့ သူ ဝန်ခံခဲ့ပြီးနောက် ဇူလိုင်လ ၁၆ ရက်နေ့က High Wycombe Magistrates’ တရားရုံးက အခုလို စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။
အရှိန်ပြင်းပြင်းမောင်နှင်ခဲ့တဲ့အချိန်က အမ်မာဟာ ပေါင် ၃၀၀၀၀ တန်ဖိုးရှိ Audi S3 ကားကို မောင်းနှင်နေခဲ့တာပါ။ တရားရုံးကို အမ်မာ မတက်ရောက်ခဲ့ပါဘူး။ သူ ကိုယ်စားတက်ရောက်ခဲ့တဲ့ သူ့ရှေ့နေက သူ့အမှုသည်က အကုန်လုံးကို အပြည့်အဝနားလည်လက်ခံပြီး ပြစ်ဒဏ်ကို လက်ခံမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမ်မာဝက်ဆင်က ၂၀၂၃ ခုနှစ် စက်တင်ဘာလကစတင်ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ Creative Writing ပညာရပ်နဲ့ မဟာဘွဲ့အတွက် ပညာသင်ယူနေတာဖြစ်ပါတယ်။
Ref: Emma Watson banned from driving for 6 months
WL (ရိုးရာလေး)

