မြေး ၈ ယောက်အတွက် ပညာရေးစရိတ်ရအောင် ခရစ္စမတ်သစ်ပင်တွေ စိုက်ပျိုးရောင်းချနေသူ

13.12.2024-yyl-21.jpg

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှ ရှောင်နဲ့ ဘရုစ်တို့ လင်မယားဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကစပြီး မြေးတွေရဲ့ ပညာရေးစရိတ်ရဖို့ အစီအစဉ်ဆွဲရင်း ခရစ္စမတ်သစ်ပင်တွေ စိုက်ပျိုးရောင်းချဖို့ အကြံရခဲ့တာပါ။ သူတို့ဟာ အဲဒီအချိန်ကတည်းက ထင်းရူးပင်ပေါက် ၅၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ အပင် တော်တော်များများ သေသွားခဲ့ပေမဲ့ အပင် ၁၀၀၀ ဝန်းကျင် ရှင်သန်ခဲ့ပြီး အခုချိန်မှာတော့ အပင်တွေက လူတစ်ရပ်ကျော်သာသာ ရှိလာပြီဖြစ်လို့ လာမယ့်ခရစ္စမတ်ပွဲတော်ကာလမှာ ရောင်းလို့ ရပါပြီ။

Pick Your Own Christmas Tree အဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ ခရစ္စမတ်ကာလမှာ ထင်းရူးပင်တစ်ပင်ဟာ ၁ ပေကို ၁၃ ဒေါ်လာနှုန်းအထိ ကျသင့်မှာဖြစ်ပြီး ၆ ပေဝန်းကျင် ထင်းရူးပင်တစ်ပင်ဟာ ၇၅ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာဆိုရင် ဈေးပိုကြီးပြီး ဒေါ်လာ ၁၀၀ လောက်တောင် ကျသင့်နိုင်ပါတယ်။ ရှောင်နဲ့ ဘရုစ်တို့ရဲ့ Bittersweet ခြံမှာတော့ ထင်းရူးပင်တစ်ပင်ကို တစ်ပေ ၁၀ ဒေါ်လာနှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး သူတို့ခြံထဲက အပင် ၆၀ ရာခိုင်နှုန်း ရောင်းချနိုင်မယ်ဆိုရင် ဒေါ်လာ ၅၀၀၀၀ ဝန်းကျင် ရမှာပါ။ စိုက်ပျိုးစရိတ်နဲ့ အခွန်အခ ၂၀ ရာခိုင်နှုန်းဝန်းကျင် နုတ်လိုက်ရင်တော့ ဒီရာသီမှာ ဒေါ်လာ ၃၉၀၀၀ လောက် ရရှိမှာဖြစ်ပြီး မြေး ၈ ယောက်လုံး တက္ကသိုလ်တက်မယ်ဆိုရင်တော့ တစ်ယောက်ကို ၄၈၇၅ ဒေါ်လာ ထောက်ပံ့ပေးနိုင်မှာပါ။

နိုဝင်ဘာလ ၃၀ ရက်က ပထမဆုံး စတင်ရောင်းချတဲ့နေ့မှာ သူတို့ခြံထဲမှာ အကြီးဆုံးထင်းရူးပင် ၂ ပင်အပါအဝင် အပင် ၆ ပင် ရောင်းချခဲ့ရပါတယ်။ အကြီးဆုံးအပင် ၂ ပင်ကိုတော့ ကိုလံဘတ်ဒေသန္တရဆေးရုံရဲ့ အမှုဆောင်အရာရှိချုပ်က ဝယ်ယူသွားခဲ့တာပါ။

Ref: Family Is Finally Ready to Sell 1,000 Christmas Trees Planted a Decade Ago to Fund Their Grandchildren’s Education
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top