ကင်ဆာရောဂါသည်ကလေးလေးအတွက် ရန်ပုံငွေရှာပေးခဲ့တဲ့ ဆယ်ကျော်သက်လေး သေဆုံး

10-2-2022-yyl01.jpg

ရီစ် လန်ဖို့ဒ် (Rhys Langford) ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးဟာ အသက် ၆ နှစ်အရွယ် ကင်ဆာရောဂါသည်ကလေးလေးအတွက် ပေါင် ၆၀၀၀၀ ကျော် ရန်ပုံငွေရှာပေးခဲ့ဖူးပါတယ်။ အခုတော့ ရန်ပုံငွေရှာပေးခဲ့တဲ့ ရီစ် လန်ဖို့ဒ်က ၂၀၂၀ခုနှစ် အောက်တိုဘာလမှာ တွေ့ရှိခံစားခဲ့ရတဲ့ Osteosarcoma (အရိုးကင်ဆာအမျိုးအစားတွေထဲကတစ်ခု) ကြောင့် သေဆုံးသွားခဲ့ပါပြီ။

ဖေဖော်ဝါရီ ၈ ရက်နေ့ညနေခင်းက နေအိမ်မှာပဲ ရီစ်သေဆုံးခဲ့တယ်ဆိုတာကို ရီစ်ရဲ့မိခင် ကက်သရင်း လန်ဖို့ဒ် (Catherine Landford)က ဖေ့စ်ဘွတ်ခ်မှာ ပြောကြားခဲ့တာပါ။ “ကျွန်မရဲ့စစ်သည်တော်ကြီး၊ ကျွန်မရဲ့ဟီးရိုး၊ ကျွန်မရဲ့သား၊ ကျွန်မရဲ့ကလေးလေးက သူ့ရဲ့တိုက်ခိုက်တွန့်လှန်မှုတွေကို လက်လျှော့လိုက်ပါပြီ။ သူ့ရဲ့ဓားရှည်ကို ချပစ်ပြီး အိမ်မှာပဲ သူ့ဘေးမှာ သူ့မိသားစုဝင်တွေအားလုံးရှိနေတဲ့အချိန် ငြိမ်းချမ်းစွာ သေဆုံးခဲ့ပါတယ်။ ကျွန်မတို့ ရင်ကွဲရပါတယ်။ ကျွန်မရဲ့ဘဝက အရင်အတိုင်း ဘယ်တော့မှ ပြန်ဖြစ်မှာမဟုတ်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။

ရီစ်က ကင်ဆာရောဂါသည် ဂျာကို့ဘ် (Jacob) အတွက် ပေါင် ၁၀၀၀ လှူဒါန်းပေးခဲ့ပြီး ပေါင် ၆၀၀၀၀ ကျော်ရအောင် ရန်ပုံငွေရှာပေးခဲ့တာပါ။ သူက ဂျာကို့ဘ်အကြောင်း ဖတ်မိပြီး “ကျွန်တော့်အတွက် ဘာမှမတတ်နိုင်ရင် ဒီကောင်လေးကိုတော့ ကြိုးစားပြီး ကယ်တင်ပေးချင်တယ်” လို့ သူ့ရဲ့မိဘတွေကို ပြောခဲ့ပါတယ်။ ဂျာကို့ဘ်က ၂၀၁၇ခုနှစ်မှာ အာရုံကြောကင်ဆာ (neuroblasroma) ရောဂါကို ခံစားခဲ့ရပြီး ကုသမှုခံယူပြီးတဲ့နောက်၂၀၁၉ခုနှစ်မှာ ကင်ဆာရောဂါကင်းစင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာမှာတော့ ဂျာကို့ဘ်ရဲ့အသည်းမှာ ကင်ဆာအကျိတ်အသစ်တစ်ခုတွေ့ရှိခဲ့ရပါတယ်။

ရီစ် ရှာပေးခဲ့တဲ့ ရန်ပုံငွေတွေက ဂျာကို့ဘ်ရဲ့ အနာဂတ်ကုသမှုခံယူမှုအတွက် ဖြစ်သွားမှာဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (National Health Service) မှာ မရနိုင်တဲ့ လက်တွေ့ကုသမှုအတွက် ဂျာကို့ဘ်က အမေရိကကို သွားရမှာပါ။ ဂျာကို့ဘ်ရဲ့ Fight ဖေ့စ်ဘွတ်ခ်ပေ့ချ်က ဒီဝမ်းနည်းစရာအချိန်မှာ ရီစ်ရဲ့မိသားစုနဲ့အတူ ထပ်တူထပ်မျှပါပဲ”လို့ စာတစ်စောင်တင်ခဲ့ပါတယ်။ “အမြင့်ဆုံးကို ပျံသန်းလိုက်ပါ ရီစ်။ ကျွန်တော်တို့ရဲ့ဂျာကို့ဘ်အတွက် သား လုပ်ပေးခဲ့တဲ့အရာအတွက် ကျွန်တော်တို့အားလုံး အရမ်းဂုဏ်ယူမိပြီး ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Ref: BBC “Fundraising Ebbw Vale teen Rhys Langford dies”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top