နာမည်ကြီး Famous Amos ကွတ်ကီးရဲ့ပဲ့ကိုင်ရှင် ကွယ်လွန်

15.8.2024-yyl-1.jpg

နာမည်ကြီး Famous Amos ချောကလက်ကွတ်ကီးရဲ့ပဲ့ကိုင်ရှင် ဝါလ်လီ အာမို့စ်ဟာ ဟာဝိုင်အီက သူ့ရဲ့နေအိမ်မှာ ဩဂုတ်လ ၁၃ ရက်နေ့က မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၈၈ နှစ်ရှိပါပြီ။

သူဟာ လူမည်းတစ်ယောက်ဖြစ်ပေမဲ့ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြီး Famous Amos ကို ဖန်တီးနိုင်မှုက အမေရိကန်နိုင်ငံမှာ အောင်မြင်ကျော်ကြားတဲ့ဇာတ်လမ်းဖြစ်ခဲ့တာပါ။ သူက အမျိုးသမီး ၅ ဦးကို လက်ထပ်ခဲ့တာပါ။ လက်ရှိဇနီး ကာရို့က သူ သေဆုံးတဲ့အချိန် ဘေးမှာရှိနေခဲ့ပါတယ်။

အာမို့စ်က သူ့သူငယ်ချင်းတွေဆီက ချေးငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ယူပြီးတော့ ၁၉၇၅ ခုနှစ်မှာ Famous Amos ကို ဖန်တီးခဲ့တာပါ။

Ref: Famous Amos cookies creator, Wally Amos, dies at 88

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top