ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဘေဘီဆူမို အငိုပြိုင်ပွဲ

child3-1.jpg

ဧပြီလ (၂၈) ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ ဆန်းဆိုဂျီ ဘုရားကျောင်းမှာ ဘေဘီဆူမို အငိုပြိုင်ပွဲကို အစဉ်အလာအရ ကျင်းပခဲ့ပါတယ်။ ဆူမိုနပန်းသမားတွေက ငိုနေတဲ့ ကလေးတွေကို ကိုင်မြှောက်ထားပြီး မျက်နှာချင်းဆိုင် အနေအထားမှာ ယှဉ်ပြိုင်ခိုင်းတာပါ။ ဂျပန်တစ်ဝန်းမှာ နှစ်စဉ်ကျင်းပခဲ့ပြီး နှစ်ပေါင်း (၄၀၀) သက်တမ်း ရှိနေပြီဖြစ်တဲ့ ဒီပြိုင်ပွဲက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးပြီး ကလေးငယ်တွေမှာ အောင်မြင်ကြီးထွား ကျန်းမာမှုကို ဆောင်ကြဉ်းပေးမယ်လို့ ယုံကြည်ကြပါတယ်။

ပွဲတော်မှာတော့ ပုံမှန်အားဖြင့် ကျယ်လောင်သံတွေနဲ့ လွှမ်းမိုးနေပြီး ကလေးငိုသံတွေက လေထုထဲမှာ ဆူညံပွက်လောရိုက်နေတာ ဖြစ်ပါတယ်။ နေရာအနှံ့က ကလေးမိဘတွေက တောက်တောက်ပြောင်ပြောင်ဝတ်စားထားပြီး ကလေးငယ်တွေကို ချီပိုးကာ ပြိုင်ပွဲဆီ လာရောက်ကြပါတယ်။

ကလေးငယ်တွေကို ဆူမိုတွေက လက်ပေါ်မှာ ချီထားပြီး မျက်နှာချင်းဆိုင် အနေအထားနဲ့ တစ်ပြိုင်တည်း အငိုပြိုင်ချိန်မှာ ှ အသံအကျယ်ဆုံးနဲ့ ငိုတာအကြာဆုံး ကလေးက အနိုင်ရပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ရဖို့က မိဘတွေအတွက် ထီထိုးရသလို ဖြစ်ပြီး ကံကောင်းတဲ့ ကလေးပေါင်း တစ်ရာကျော်သာ ဝင်ပြိုင်ခွင့် ရတာပါ။ ပြိုင်ပွဲမှာတော့ မိဘများ ၊ ကလေးများ ၊ ဆွေမျိုးများ ၊ ခရီးသွားဧည့်သည်များ ၊ လာရောက်ကြည့်ရှုသူများနဲ့ စည်ကားလို့ နေပါတယ်။

ပြိုင်ပွဲကိုတော့ ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။

https://www.youtube.com/watch?v=UCeQ9waF6GE&feature=youtu.be

Ref: CGTN “Crying Baby Sumo contest held in Japan”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top