ကမ္ဘာကျော် ဘယ်သန်များ

40402878_1161078490710562_5469792863233507328_n.jpg

၁၉ ရာစုမတိုင်ခင်ထိတော့ ဘယ်သန်တွေကို ချို့တဲ့သူတွေ၊ မသန်စွမ်းသူတွေအဖြစ် သတ်မှတ်ခဲ့သလို သမိုင်းတစ်လျှောက်မှာတော့ စုန်းအဖြစ်တောင် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းခန့်က

ညာသန်တွေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်က ဘယ်သန်များဖြစ်ကာ ၁ ရာခိုင်နှုန်းအောက်က ဘယ်ညာ ၂ ဖက်သန်သူတွေ ဖြစ်ကြပါတယ်။ မိခင်က ကိုယ်ဝန်ဆောင်စဉ် အတောအတွင်းမှာ စိတ်ဖိစီးမှုများလို့ ကလေး ဘယ်သန်တာပါဆိုတဲ့ ရှေးကျတဲ့ အယူအဆတွေလည်း ရှိခဲ့ပေမဲ့ မည်သို့ပင်ဆိုစေကာမူ ဘယ်သန် ညာသန်ဆိုတာက လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ပုံစံအရ ကွဲပြားနေတာ ဖြစ်ပါတယ်။

စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ ဘယ်သန်တွေက ဦးနှောက်ညာခြမ်းပိုသန်ပြီး ဘာသာစကားစွမ်းရည်နဲ့ တီထွင်ဖန်တီးမှု ပိုသာတယ်လို့ ဆိုကြပါတယ်။ အနုပညာလက်ရာ၊ အကြံဥာဏ်ကောင်း ၊ စိတ်ကူးကောင်းနဲ့ သီချင်းသံစဉ်ကို ဖန်တီးနိုင်စွမ်းဆိုတာ ဦးနှောက်ညာခြမ်းသန်သူတွေမှာ သာတွေ့ရတာပါ။ ဒီအဆိုက မှန်ကန်ကြောင်းကို သက်သေခံနေတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ရှိပါတယ်။

 

စတိဗ်ဂျော့စ် ၊ ဘီလ်ဂိတ်စ်နဲ့ ဖေ့စ်ဘွတ်တည်ထောင်သူ မက်ခ်ဇူကာဘက်တို့လို နည်းပညာ စွမ်းပကားနဲ့ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်ပေးခဲ့သူတွေက ဘယ်သန်တွေချည်းပါပဲ။

 

ကမ္ဘာကျော် လူငယ်အဆိုတော် ဂျက်စတင်ဘီဘာက ဘယ်သန်တစ်ဦးဖြစ်သလို ကမ္ဘာကျော်ဘောလုံးသမား မက်ဆီကလည်း ဘယ်သန်ပါပဲ။ ကနေဒီယန် ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာက ဆုလက်ခံယူချိန်မှာတောင် ဆုကို ဘယ်လက်နဲ့ပဲ ကိုင်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ စံပြပုဂ္ဂိုလ်တွေက ဘယ်သန်စတိုင်ပဲ နေပါတယ်။ အမေရိကန် သမ္မတဟောင်း အိုဘားမားက ဘယ်သန်ဖြစ်သလို ဗြိတိန်တော်ဝင် အိမ်ရှေ့စံမင်းသား ဝီလျံက လည်း ဘယ်သန်ပါပဲ။

အနုပညာရှင်တွေထဲမှာတော့ လေဒီဂါဂါ ၊ အန်ဂျလီနာဂျိုလီနဲ့ ဂျနီဖာလောရန့်စ် ( Jennifer Lawrence) တို့ကလည်း ဘယ်သန်တွေ ဖြစ်ပါတယ်။

ဂီတလောကမှာ ပေါလ်မက်ကာ့တ်နေး (Paul McCartney ) က Bass ဂီတာတီးချိန်မှာ ညာလက်နဲ့တီးရတာ သူ့အတွက် အခက်အခဲရှိခဲ့တဲ့အတွက် ဂီတာကို ဘက်ပြောင်းပြီး ဘယ်နဲ့ပဲ တီးခဲ့တာ ဖြစ်ပါတယ်။ မိန်းမဘယ်သုံး အိမ်ထောင်ဖြုန်းဆိုတဲ့ ရှေးရိုးအစွဲကိုတော့ အော်ပရာဝင်းဖေး (Oprah Winfrey ) လို talk-show ဘုရင်မက ချွတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘယ်သန်တွေက ကမ္ဘာမြေပေါ်မှာသာမက အာကာသထိ ခြေချနိုင်ခဲ့သူတွေ ဖြစ်ကြောင်းကို ဘက်ဇ်အောလ်ဒရင် (Buzz Aldrin) က သက်သေခံနေပါတယ်။ ၁၉၆၉ ခုနှစ်ဇူလိုင်လမှာ လကမ္ဘာပေါ်ကို အပိုလို ၁၁ အာကာသယာဉ်နဲ့ သွားရောက်အခြေချနိုင်ခဲ့တဲ့ အာကာသယာဉ်မှူး ဘက်ဇ်အော်လ်ဒရင်ကလည်း ဘယ်သန်တစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာတော့ နှစ်စဉ် ဩဂုတ်လ ၁၃ ရက်နေ့ကို နိုင်ငံတကာ ဘယ်သန်များနေ့ အဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့်ဘယ်သန်တွေကို ဖိနှိပ်ထားတဲ့ ခေတ်ကာလဆိုတာ နောက်မှာ ကျန်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကျော်ဘယ်သန်တွေကို ဖော်ပြရင်း တင်ပြလိုက်ပါတယ်။ စာဖတ်ပရိသတ်တို့သိတဲ့ ကမ္ဘာကျော်ဘယ်သန်တွေ ရှိသေးရင်လည်း ပြောသွားလို့ရသလို သူငယ်ချင်းဘယ်သန်တွေကိုလည်း မန်းရှင်းခေါ်သွားလို့ ရပါတယ်။

Ref: CBSNews “Famous Lefties”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top