ဇီဝဖြစ်စဉ် အားကောင်းနေဖို့ရာ

yyl-034-10.jpg

လူရယ်လို့ဖြစ်လာရင် ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်အားကောင်းဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကျခြင်တဲ့ သူတွေအတွက်လည်း ဇီဝဖြစ်စဉ်အားကောင်းဖို့လိုပါတယ်။ ဇီဝဖြစ်စဉ်ဆိုတာက သင့်ခန္ဓာကိုယ်က သင့်စားလိုက်တဲ့ အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲပစ်တဲ့ဖြစ်စဉ်ကို ရည်ညွန်းထားဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေက ဇီဝဖြစ်စဉ်နှုန်းမြင့်လေလေ ကိုယ်အလေးချိန် မြန်မြန်ကျလေလေပါပဲ။

ဇီဝဖြစ်စဉ်အားကောင်းဖို့အတွက် အရိုးရှင်းဆုံးနည်းတွေထဲကတစ်ခုက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါတယ်။ အားစိုက်ပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကယ်လိုရီပိုလောင်ကျွန်းစေပြီး မလိုအပ်တဲ့အဆီပိုတွေကို လျော့ချပေးပါတယ်။ ဇီဝဖြစ်စဉ်အားကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာအပြင် အစားအစာကို မှန်ကန်စွာစားသုံးဖို့လည်း လိုအပ်ပါတယ်။ ဇီဝဖြစဉ်အားကောင်းဖို့အတွက် ဘယ်လိုအစားအစာတွေ စားသုံးမလဲ။

ကက်ပ်ဆိုင်စင်ဓာတ်ပါဝင်တဲ့ ငရုတ်ပွသီး

ကက်ပ်ဆိုင်စင်ဓာတ်ကို စပ်တဲ့အရသာကို ပေးစွမ်းတဲ့ ငရုတ်သီးတွေမှာ အများဆုံးတွေ့ရပါတယ်။ သင့်ရဲ့တစ်နေ့တာအစားအစာမှာ ကက်ပ်ဆိုင်စင်ဓာတ်ပါဝင်တာက ဇီဝဖြစ်စဉ်အားတိုးလာစေပါတယ်။ ကက်ပ်ဆိုင်စင်ဓာတ်က တစ်နေ့ကို ကယ်လိုရီပမာဏ (၅၀) ကို လောင်ကျွမ်းဖို့အတွက် ခန္ဓာကိုယ်ကို အကူအညီပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဘလက်ခ် ကော်ဖီ (Black Coffee)

ကော်ဖီက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သောက်စရာအဖြစ် မှတ်ယူလို့တော့မရပါဘူး။ ဒါပေမဲ့ ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက်တော့ ဘလက်ခ်ကော်ဖီက ထိရောက်မှုရှိပါတယ်။ ကဖင်းဓာတ်က ဇီဝဖြစ်စဉ်နှုန်းကို (၁၁) ရာခိုင်နှုန်းလောက် တိုးလာနိုင်စေပါတယ်။ တစ်နေ့ကို ကဖင်းဓာတ် ၂၇၀ မီလီဂရမ်သောက်သုံးခြင်းက (၁၀၀) ကယ်လိုရီလောင်ကျွမ်းစေပြီး လုပ်ဆောင်နိုင်စွမ်းအား တိုးလာစေမှာဖြစ်ပါတယ်။

ပန်းသီးအရက်ရှာလကာရည်

ပန်းသီးအရက်ရှာလကာရည်ကို နေ့တိုင်းသောက်သုံးပေးခြင်းက ဗိုက်ကအဆီပိုတွေကို ဖယ်ရှားပေးဖို့အတွက် အကူအညီပေးပါတယ်။ ဒါက စွမ်းအင်အတွက် လောင်ကျွမ်းပေးတဲ့ အဆီပမာဏ တိုးလာစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ရေကို ဖန်ခွက်တစ်ဝက်ထဲကို ပန်းသီးအရက်ရှာလကာရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) ထည့်ပြီး နေ့တိုင်းသောက်သုံးမယ်ဆိုရင် ဇီဝဖြစ်စဉ်အားကောင်းစေမှာဖြစ်ပါတယ်။

ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာ

ပရိုတင်းဓာတ်ပမာဏက ကြွက်သားကျစ်လျစ်ဖို့အတွက် လိုအပ်သလို ကယ်လိုရီလောင်ကျွမ်းဖို့အတွက်လည်း အရေးကြီးပါတယ်။ ငါး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးအမျိုး၊ အစေ့အဆံကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးတာက ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီလိုအစားအစာတွေက အစားအလွန်အကျွံစားသုံးခြင်းကနေ ကာကွယ်ပေးပြီး အချိန်အကြာကြီး ဗိုက်ပြည့်အင်နေစေမှာဖြစ်ပါတယ်။

Ref: foods that can speed up your metabolism and help you lose weight

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top