နာပိုလီဂန္တဝင် ကွင်းလယ်လူဟောင်း ဟမ်ဆစ်ရဲ့ စံချိန်နဲ့တူညီသွားတဲ့ ဒရိုင်းမာတင်

yyl-033-9.jpg

ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နာပိုလီအတွက် အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ဒရိုင်းမာတင်ဟာ နာပိုလီအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဟမ်ဆစ်နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာ ဂိုးဧရိယာအစပ်ကနေ ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ဒရိုင်းမာတင်ရဲ့ဂိုးဟာ နာပိုလီကစားသမားဘဝမှာ ၁၂၁ ဂိုးမြောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပီအက်စ်ဗီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဒရိုင်းမာတင်ဟာ နာပိုလီအတွက် ပွဲ ၃၁၀ ကစားချိန်မှာ ဟမ်ဆစ်ရဲ့ စံချိန်နဲ့ တူညီသွားခဲ့တာပါ။

နာပိုလီကွင်းလယ်လူဟောင်း ဟမ်ဆစ်ဟာ ပွဲ(၅၀၀)ကျော် ကစားပြီး အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။ ဒရိုင်းမာတင်နဲ့ ဟမ်ဆစ်တို့ နှစ်ယောက်လုံးဟာ နာပိုလီမှာ ၇ နှစ် ကစားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး မာရာဒိုနာထက် (၆)ဂိုး ပိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒရိုင်းမာတင်ဟာ ဒီရာသီမှာ နာပိုလီအတွက် ၂၈ ပွဲ ကစားပြီး ၁၂ ဂိုးသွင်းယူထားသူပါ။ ဒါပေမဲ့ အခုရာသီကုန်ရင် နာပိုလီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top