15-4-2020-yyl-030.jpg

ဆင်ပိန် ကျွဲလောက်

ဆင်တစ်ကောင်က ပိန်ညှောင်ကြုံလှီသွားပေမယ့် အဲ့ဒီကြုံလှီသွားတဲ့ ဆင်ရဲ့အရွယ်အစားက ကျွဲကိုယ်ထည်လောက်ကျန်ရှိသေးသလိုပဲ ကြွယ်ဝချမ်းသာတဲ့ သူတွေဘယ်လောက်ပဲ စီးပွားရေး ကျဆင်းကျဆင်း သာမာန်သူတွေထက်တော့ စီးပွားရေး ထုထည်ရှိသေးတယ်လို့ ဖော်ညွှန်းတဲ့အခါ သုံးနှုန်းပြောဆိုတာပဲ ဖြစ်ပါတယ်။ Team (ရိုးရာလေး)

9-4-2020-yyl-028.jpg

မတ်တပ်ရပ် နှင့် မတ်တတ်ရပ်

မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက“မတ်တပ်ရပ် နှင့် မတ်တတ်ရပ်” ရေးသားပုံပဲဖြစ်ပါတယ်။ “မတ်တတ်ရပ်” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ “မတ်တပ်ရပ်” လို့ မှားရေးတတ်ကြပါတယ်။ တကယ်က “မတ်တတ်ရပ်” လို့…

bon-lone.jpg

ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်

ရေစပ်နားမှာပေါက်နေတဲ့ ဗုံလုံပင်မှ အသီးကလေးတွေ ရေပေါ်ကြွေရာတဲ့အခါ ငါးကဟပ်လိုက် ရေရိုက်ခတ်တဲ့အခါ ရေအောက်ကနေ ရေပေါ်သို့ပြန်ပေါ်လာလိုက်၊ ငါးပျံကတစ်လှည့် ခုန်မြောက်လိုက်ဟပ်လိုက်နဲ့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်နဲ့ မြုပ်ချည်ပေါ်ချည်ဖြစ်နေခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ အမြဲတသမတ်တည်း မတည်တံ့တဲ့ နိမ့်ချည်၊ မြင့်ချည်၊ ကျချည်၊ တက်ချည်…

der-pya.jpg

ကျောချမှ ဓားပြမှန်းသိ

အိမ်ပေါ်တက်လာသူကို ဧည့်သည်ကောင်းလို့ပင် ထင်မှတ်နေရာမှ တက်လာသူက အိမ်ရှင်ရဲ့ကျောကိုချကာ ငွေတောင်းတဲ့အခါကြမှ ဓားပြမှန်းသိလိုက်ရပြီး အကူအညီ တောင်းရန် နောက်ကျသွားတဲ့အတွက် ဓားပြတိုက်ခံလိုက်ရတယ်လို ဆိုလိုတာဖြစ်ပါတယ်။ အမှား သို့မဟုတ် အန္တရာယ်ကို ပြုပြင်တားဆီး မရလောက်အောင် နောက်ကျကာ နောက်မှ သိမြင်နားလည်တာက…

myanmarsar13-3-2020.jpg

ခွေးမြီးကောက် ကျည်တောက်စွပ်

ကောက်နေတဲ့ ခွေးအမြီးကို ဖြောင့်အောင် ဘယ်လိုပဲ ကျည်တောက်စွပ်ပေးထားပေမယ့်လည်း ကျည်တောက်ချွတ်လိုက်တဲ့အခါ မဖြောင့်ပဲ ကောက်မြဲအတိုင်းကောက်နေတယ်လို့ဆိုလိုသလို တချို့သောပြုပြင်မရတဲ့အရာတွေက ဘယ်လိုပဲကိုယ်က ပြုပြင်ဖို့ကြိုးစား ကြိုးစား “ခွေးမြီးကောက် ကျည်တောက်စွပ်” သလိုမျိုးပြုပြင်လို့မရပဲ အချည်းနှီးသာဖြစ်နေရတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ Team(ရိုးရာလေး)

7.3.2020.jpg

ကိုယ်နှစ်သက်က ထန်းပလပ် နတ်ရုပ်ထင်

လူတွေက ဘယ်လောက်ပဲ ဆိုးတဲ့အရာဖြစ်ဖြစ် ဘယ်လောက်ပဲ အဖိုးမတန်တဲ့ပစ္စည်းဖြစ်ဖြစ် ကိုယ်စိတ်ထဲမှာကြိုက်နှစ်သက်တယ် သဘောကြတယ်ဆိုရင် လှတယ် တန်ဖိုးကြီးတယ်လို့ထင်တတ်ကြပါတယ်။ ဒါကြောင့်ကိုယ်ကြိုက်နှစ်သက်က ထန်းပလပ်ပင်ဖြစ်နေစေကာမူ နတ်ရုပ်အဖြစ်အမှတ်စွဲထင်နေတတ်ကြပါတယ်။ စိတ်ဆန္ဒ၏အဆုံးအဖြတ်တစ်ခုက အယူအဆကို လွှမ်းမိုးနေတယ်ဆိုတာကို ထင်ရှားတဲ့အတွက် ကိုယ်နှစ်သက်က ထန်းပလပ်နတ်ရုပ်ထင် လို့ ခိုင်းနှိုင်းသုံးနှုန်းပြတာပဲဖြစ်ပါတယ်။…

22.png

“စ” သတ်ပုံကဗျာ

စာဖတ်ပရိသတ်တွေ အားလုံး မင်္ဂလာပါရှင့်။ ဒီတစ်ပတ်မြန်မာစာ မြန်မာစကားအစီအစဉ်မှာ တင်ဆက်ပေးချင်တဲ့အကြောင်းအရာက သတ်ပုံ အမှန်တွေ မှတ်မိစေဖို့အတွက် ကျက်မှတ်ထားသင့်တဲ့ “စ” သတ်ပုံကဗျာကို ဖော်ပြပေးချင်ပါတယ်။ “စိန်” ပြေးတမ်းကစား “စိန်း” စိန်းဝါးဝါး “စိမ်း” ဆိတ်၊ “စိမ်း”…

15.2.2020.jpg

ဆလပ်ရွက် နှင့် ဆလတ်ရွက်

မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့ အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “ဆလပ်ရွက် နှင့် ဆလတ်ရွက်” ရေးသားပုံပဲဖြစ်ပါတယ်။ “ဆလတ်ရွက်” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ “ဆလပ်ရွက်” လို့ မှားရေးတတ်ကြပါတယ်။ တကယ်က…

8.2.2020.jpg

“ င” သတ်ပုံကဗျာ

စာဖတ်ပရိသတ်တွေ အားလုံး မင်္ဂလာပါရှင့်။ ဒီတစ်ပတ်မြန်မာစာ မြန်မာစကားအစီအစဉ်မှာ တင်ဆက်ပေးချင်တဲ့အကြောင်းအရာက သတ်ပုံ အမှန်တွေ မှတ်မိစေဖို့အတွက် ကျက်မှတ်ထားသင့်တဲ့ “ င” သတ်ပုံကဗျာကို ဖော်ပြပေးချင်ပါတယ်။ “ငြီး” စီစီ “ငြိ” တွယ် “ငို” ချင်းချ…

1.2.2020.jpg

စတ်ကူးမတ်ကူး နှင့် စပ်ကူးမပ်ကူး

မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့ အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “စတ်ကူးမတ်ကူး နှင့် စပ်ကူးမပ်ကူး” ရေးသားပုံပဲဖြစ်ပါတယ်။ “စပ်ကူးမပ်ကူး” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ အသံထွက်ကိုလိုက်ပြီး “စတ်ကူးမတ်ကူး” လို့ မှားရေးတတ်ကြပါတယ်။…