ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်

bon-lone.jpg

ရေစပ်နားမှာပေါက်နေတဲ့ ဗုံလုံပင်မှ အသီးကလေးတွေ ရေပေါ်ကြွေရာတဲ့အခါ ငါးကဟပ်လိုက် ရေရိုက်ခတ်တဲ့အခါ ရေအောက်ကနေ ရေပေါ်သို့ပြန်ပေါ်လာလိုက်၊ ငါးပျံကတစ်လှည့် ခုန်မြောက်လိုက်ဟပ်လိုက်နဲ့ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်နဲ့ မြုပ်ချည်ပေါ်ချည်ဖြစ်နေခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။

အမြဲတသမတ်တည်း မတည်တံ့တဲ့ နိမ့်ချည်၊ မြင့်ချည်၊ ကျချည်၊ တက်ချည် အခိုက်အလှည့်ရှိတဲ့ လောကဓံတရားကို ဖော်ပြရာမှာ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် လို့ ဖော်ပြသုံးနှုန်းနိုင်ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top