ကျပ်သန်း (၁,၅၀၀) ပိုတဲ့ ဆုငွေတွေ ချီးမြှင့်မယ့် (၈) ကြိမ်မြောက် အောင်ဘာလေထီ

yyl-005-12.jpg

မနက်ဖြန် အောက်တိုဘာလ (၁) ရက်နေ့မှာ (၈)ကြိမ်မြောက် ကျပ် ၁၀၀၀တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကြီး ရောက်ရှိလာပြန်ပါပြီ။ အောက်တိုဘာ (၁) ရက်နေ့ဖွင့်မယ့် ကျပ် ၁,၀၀၀ တန်ထီ ဖွင့်ပွဲက ကျပ်သန်း (၂၀,၀၀၀) လောက် ဆုငွေတွေပေးမှာဖြစ်တဲ့အတွက် အရင်လ သြဂုတ်လ ကျပ်သန်း (၁၇,၆၇၂) ကျော် ဆုငွေထက် ကျပ်သန်း (၁,၅၀၀) ပိုလာခဲ့တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲအရ သိရပါတယ်။

အောက်တိုဘာ (၁) ရက်နေ့ကျင်းပမယ့် (၁,၀၀၀) ကျပ်တန် အောင်ဘာလသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်တွေကို “က” အက္ခရာကနေ အစဉ်လိုက် “ကစ” အထိ စုစုပေါင်းအက္ခရာ (၃၉) လုံး ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် ရောင်းချခဲ့တဲ့ စုစုပေါင်း အက္ခရာ (၃၉) လုံးအပြင် ထီစာအုပ် (၃,၉၀၉,၉၀၂) အုပ်ဖြစ်ပြီး ထီလက်မှတ်စောင်ရေ (၃၅,၀၉၉,၉၂၂) စောင်ဖြစ်တယ်လို့ ဆိုပါတယ်။

ထီလက်မှတ်များရောင်းချရငွေက ကျပ်သန်း (၃၁,၉၀၉.၀၂၀) ဖြစ်တဲ့အတွက် (၆၀) ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမယ့် ထီဆုငွေက ကျပ်သန်း (၁၉,၁၄၅.၄၁၂) ဖြစ်ပါတယ်။

အောက်တိုဘာလမှာ အထူးဆုကြီးစနစ်အနေနဲ့ ကျပ်သိန်းတစ်သောင်းငါးထောင် (၁)ဆု၊ ကျပ်သိန်းတစ်သောင်း (၁)ဆု၊ ကျပ်သိန်းငါးထောင် (၂) ဆု၊ ကျပ်သိန်းနှစ်ထောင် (၅) ဆု၊ ကျပ်သိန်းတစ်ထောင် (၇) ဆု၊ ဆုတစ်ဆုချင်းစနစ်ကတော့ ကျပ်သိန်းငါးရာ (၁၈) ဆု၊ ကျပ်သိန်းနှစ်ရာ (၂၁)ဆု၊ ကျပ်သိန်းတစ်ရာ (၂၆) ဆု၊ ကျပ်သိန်းငါးဆယ်(၂၆) ဆု၊ ကျပ်သိန်းနှစ်ဆယ် (၂၉) ဆု၊ ကျပ်ဆယ်သိန်း (၃၂) ဆု၊ ဝေဝေဆာဆာပဒေသာဆုမဲစနစ်ကတော့ ကျပ်သုံးသိန်း (၁၅၀) ဆု၊ ကျပ်နှစ်သိန်း (၁၅၀၀) ဆု၊ ကျပ်တစ်သိန်း( ၁၈၀၀၀) ဆု၊ ကျပ်ငါးသောင်း (၂၀၀၀၀၀) ဆုဆိုပြီး အောင်ဘာလေထီက ဆုငွေချေီးမြှင့်သွားမှာပါ။

ဒါ့အပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုမဲတွေရဲ့ ဘဏ္ဍာသိမ်းရငွေကနေ ကျပ်သန်း (၂၅) ကို တစ်ဆုချင်းဆုမဲတွေဖြစ်တဲ့ ကျပ် (၁၀) သိန်း (၄) ဆုနဲ့ ဝေဝေဆာဆာဆုမဲတွေဖြစ်တဲ့ ကျပ် (၃) သိန်း (၂၀) ဆု၊ ကျပ် (၂) သိန်း (၂၀၀) ဆု၊ ကျပ်(၁) သိန်း (၂၀၀၀) ဆု စုစုပေါင်း (၂,၂၂၄) ဆုကိုလည်း ထပ်မံချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

(၈) ကြိမ်ြမောက် ၁,၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲကို မနက်ဖြန် ၂၀၁၉ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၈) နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Ministry of Planning & FINANCE

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top