ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့မှာ ဆိုးရွားတဲ့ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် မြို့ရဲ့နေရာတော်တော်များများဟာ ရေနစ်မြုပ်လို့နေပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူ Kang Namthip ဆိုသူအပါအဝင် လူမှုကွန်ယက်အသုံးပြုသူတွေက ပို့စ်တင်ပြီး အကူအညီတောင်းခံနေကြပါတယ်။
Kang Namthip တင်ခဲ့တဲ့ ဗီဒီယိုမှာဆိုရင် အမျိုးသား ၃ ဦးက ရေကြီးရေလျှံမှုကနေ လွတ်မြောက်ဖို့ လျှပ်စစ်မီးကြိုးပေါ်ကနေ ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ အမျိုးသား ၃ ဦး ဖြတ်သန်းနေတဲ့အချိန် လျှပ်စစ်မီးကြိုးတွေက လှုပ်ယမ်းလို့နေပါတယ်။ ရေလွှမ်းနေတဲ့လမ်းမတွေကို မြင်နေရတဲ့ အဆောက်အဦးတစ်ခုရဲ့ခေါင်းမိုးထက်ကနေ ဒီဗီဒီယိုကို ရိုက်ကူးထားတာပါ။
Kang Nathip ရဲ့ပြောစကားအရ ရေက သူတို့အဆောက်အဦးရဲ့ဒုတိယအထပ်အထိရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟတ်ယိုင်မြို့ မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်နေရာတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့အထိ သေဆုံးသူ ၃၃ ဦးရှိနေပြီး သေဆုံးသူအများစုက ရေနစ်တာ၊ ဓာတ်လိုက်တာနဲ့ မြေပြိုတာတွေကြောင့် သေဆုံးခဲ့တာပါ။ ရေစီးကြောင်းပြင်းထန်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးနေဆဲဖြစ်ပါတယ်။
Video ကြည့်ရှုရန် – https://www.youtube.com/shorts/MqxGB0jthHI
Ref: Hat Yai flood victims seen balancing on electrical cables to cross submerged roads
WL ( ရိုးရာလေး)

