ဘောလုံးရာသီမကုန်ခင် ဥရောပလိဂ်ပြိုင်ပွဲတွေ ပြန်စနိုင်ဖွယ်မရှိဘူးလို့ ရီးရဲလ်နောက်ခံလူဟောင်း ဆို

football02.jpg

COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေလို့ ဘောလုံးရာသီ မကုန်ဆုံးခင် ဥရောပဘောလုံးလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်နိုင်ဖို့ ခက်ခဲတယ်လို့ ရီးရဲလ်နောက်ခံလူဟောင်း ဖေဘီယိုကန်နာဗာရိုက ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေလို့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူး-၁ အစရှိတဲ့ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုလုံး ရပ်နားထားရပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ဆိုင်းငံ့ထားရသလို ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်း ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဘောလုံးပြိုင်ပွဲတွေကို မေလအထိ ပြန်စနိုင်မှာမဟုတ်ဘူးလို့ ကန်နာဗာရိုက ဆိုပါတယ်။

”တစ်လမပြည့်ခင် ဘာတွေဖြစ်လာဦးမလဲ မပြောတတ်ပါဘူး။ အီတလီနဲ့ စပိန်မှာ ရောဂါကူးစက်ပျံ့နှံ့မှု အဆုံးသတ်သွားဖို့ အချိန်တော်တော်ကြာပါလိမ့်မယ်။ ဥရောပမှာ ရာသီမကုန်ခင် ဘောလုံးပွဲတွေ ပြန်စနိုင်ဖို့ ခက်ခဲပါတယ်”လို့ ကန်နာဗာရိုက ပြောပါတယ်။ အီတလီအသင်းနဲ့အတူ
ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကန်နာဗာရိုဟာ လက်ရှိအချိန်မှာ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်ဒီအသင်းနည်းပြအဖြစ် ကိုင်တွယ်နေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top