စတုရန်းပေ (၂၀၀,၀၀) ရှိတဲ့နံရံဆေးရေးပန်းချီနဲ့ COVID-19 ကြောင့် အသက်ပေးခဲ့ရတဲ့ဆရာဝန်တွေကို ဂုဏ်ပြုခဲ့တဲ့ ပန်းချီပညာရှင်

3-6-2020-yyl-022.jpg

COVID-19 ကပ်ရောဂါကြောင့် အသက်ပေးလိုက်ရတဲ့ လူပေါင်းများစွာရှိနေပါတယ်။ အဲဒီလူပေါင်းများစွာထဲမှာ COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပြီး လူနာတွေကို ကယ်တင်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း အပါအဝင်ပါပဲ။ အဲဒီလိုအသက်ပေးနေကြတဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ ဂုဏ်ပြုပေးနေတာလည်းရှိပါတယ်။ ကျူဘာ-အမေရိကန်ကပြားပန်းချီပညာရှင် ဂျော်ဂျီ ရိုဒရီကူ ဂျီရာဒါကလည်း COVID-19 ကြောင့် အသက်ပေးခဲ့ရသူတွေအတွက် အမှတ်တရအထိမ်းအမှတ်အဖြစ် စတုရန်းပေ (၂၀,၀၀၀) ရှိတဲ့ နံရံဆေးရေးပန်းချီကို ရေးဆွဲခဲ့ပါတယ်။ အခြားသူတွေအတွက် ကုသပေးရင်း အသက်ပေးလိုက်ရတဲ့သူတွေကို ရည်စူးထားတဲ့ ဒီပန်းချီက ကပ်ရောဂါကို ရှေ့တန်းကနေ တွန်းလှန်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဆရာဝန် Ydelfonzon Decco ရဲ့ပုံတူပန်းချီဖြစ်ပါတယ်။

အမှတ်တရအထိမ်းအမှတ်ပန်းချီကို စပိန်လို “Somos La Luz” လို့ခေါ်ပြီး “We Are Light” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ စပိန်ဘာသာစကားနဲ့ခေါင်းစဉ်ကို ရွေးချယ်ခဲ့ရတာက ကပ်ရောဂါအတွင်း ရှေ့တန်းကနေ အလုပ်လုပ်ကိုင်နေကြတဲ့ လူတန်းစားမျိုးစုံကို မီးမှောင်ထိုးပြချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နံရံဆေးရေးပန်းချီရဲ့တည်နေရာက Flushing Meadows Corona Park ဖြစ်ပြီး New York City ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရတဲ့ အိမ်နီးချင်းမြို့တွေထဲက တစ်ခုမှာတည်ရှိတာဖြစ်ပါတယ်။

ပန်းချီထဲက ပါးစပ်နှာခေါင်းစည်းနဲ့ ခေါင်းစည်းဝတ်ထားတဲ့ ဆရာဝန် Ydelfonzo Decco က New York City မှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကို တွန်းလှန်ခဲ့တဲ့ တောင်အမေရိကတိုက်သားသမားတော်တစ်ယောက်ဖြစ်ပါတယ်။ သူက အာဖရိကန်အမေရိကန်လူမျိုးတွေကို ကုသပေးနေတဲ့ တောင်အမေရိကတိုက်သားဆရာဝန်တွေနဲ့ တရုတ်ဆရာဝန်တွေရဲ့ SOMOS Community Care အဖွဲ့စည်းရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ခဲ့ပါတယ်။ “ဆရာဝန် Ydelfonso Decco က ပင်စင်ယူခံနီးပေမယ့် လူနာတွေကို ဆက်လက်ကုသပေးခဲ့တဲ့အချက်ကြောင့်ပါပဲ။ သူ့ဆုံးဖြတ်ချက်က ကျွန်တော့်အတွက် ဟီးရိုးပိုပြီးတောင်ဖြစ်စေခဲ့တာပါ” လို့ ပန်းချီပညာရှင် ဂျော်ဂျီက ပြောပါတယ်။

ကမ္ဘာ့တစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆၄၅၂၄၂၂) ဦးနဲ့ သေဆုံးသူ (၃၈၂၄၈၁) ဦးရှိနေပါတယ်။

Ref: Artist Paints 20,000-Square-Foot Mural To Honor COVID-19 Health Care Workers And Victims

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top