ပီရူးနိုင်ငံမှ ဂျာနယ်လစ်တစ်ဦးဟာ သူ့အိမ်ကို ဒိုင်းနမိုက်နဲ့ပစ်ခံခဲ့ရပေမဲ့ ခွေးလေးရဲ့ကယ်တင်မှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ သံသယရှိသူဟာ သန်းခေါင်ကျော်အချိန်မှာ ဂျာနယ်လစ် ကားလို့စ်ဇာရက်ရဲ့ နေအိမ်ထဲကို ဒိုင်းနမိုက် ပစ်ထည့်ခဲ့တာပါ။
လူရိပ်မြင်ကတည်းက ထိုးဟောင်နေတဲ့ ခွေးကလေးဟာ အန္တရာယ်အငွေ့အသက် ခံစားမိတာကြောင့် ဒိုင်းနမိုက်ဆီ ပြေးလာပြီး မီးစာကို ကိုက်ဖြတ်ပစ်ခဲ့တာပါ။ ယမ်းချောင်းတွေကို မီးမကူးခင် မီးစာကို ကိုက်ဖြတ်နိုင်ခဲ့ပေမဲ့ အဲဒီဒဏ်ကြောင့် သူ့အသံကြိုး ထိခိုက်သွားလို့ ဟောင်နိုင်တော့မှာတော့ မဟုတ်ပါဘူး။
ဇာရက်ရဲ့ မိသားစုကတော့ ခွေးကလေး မန်ချစ်က သူတို့ရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်တယ်၊ သူ့ကျေးဇူးကို နေ့တိုင်း သတိရနေပါလိမ့်မယ်လို့ ဆိုပါတယ်။
Ref: Hero Dog Saves Family By Defusing Dynamite In Home Attack
NZ ( ရိုးရာလေး)

