၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးလေကြောင်းလိုင်းနဲ့ လေဆိပ်တွေကို ရွေးချယ်ဖော်ပြ

60157961_2368619299835643_550650412626083840_n.jpg

၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေကို လေ့လာမှုတစ်ရပ်မှာ ရွေးချယ်ဖော်ပြခဲ့ပါတယ်။ အချိန်နောက်ကျတာ၊ ခရီးစဉ်ဖျက်သိမ်းတာ၊ လူပိုတင်တာတွေနဲ့ပတ်သက်ပြီး ခရီးသည်တွေအတွက် နစ်နာကြေးရအောင် ဆောင်ရွက်ပေးတဲ့ AirHelp အဖွဲ့အစည်းက လေ့လာမှုလုပ်ခဲ့တာပါ။ ကမ္ဘာပေါ်က လေကြောင်းလိုင်း (၇၂) လိုင်း၊ လေဆိပ် (၁၃၂) ခုကို အချိန်တိကျမှု၊ ဝန်ဆောင်မှု၊ အစား၊ အသောက် ရွေးချယ်နိုင်မှု၊ ငွေပြန်အမ်းပေးဖို့ ဘယ်လောက်ပြောရခက်လဲ စတဲ့အချက်တွေပေါ်မူတည်ပြီး အဆင့်သတ်မှတ်ခဲ့တာပါ။

သူတို့အဖွဲ့ဟာ ပြန်လှန်သုံးသပ်ချက် (review) ၄၀၀၀ အပေါ် အခြေခံပြီး အဆင့်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုသတ်မှတ်ရာမှာ ကာတာလေကြောင်းလိုင်းက ကမ္ဘာ့နံပါတ် (၁) လေကြောင်းလိုင်းအဖြစ် (၂) နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး အမေရိကန်လေကြောင်းလိုင်းကတော့ ဒုတိယနေရာ ရပ်တည်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ Thomas Cook လေကြောင်းလိုင်းကတော့ ကမ္ဘာ့အဆိုးဆုံးလေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကာတာနိုင်ငံရဲ့ ဟာမတ်နိုင်ငံတကာလေဆိပ်က ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ်ရပ်တည်ခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုနိုင်ငံတကာလေဆိပ်က အဆင့် (၂) နေရာ ရပ်တည်ခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က လစ္စဘွန်းပေါ်တီလာလေဆိပ်ကတော့ ကမ္ဘာ့အဆိုးဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top