ရုရှားလေယာဉ်ပြေးလမ်းမှာ ရွှေ – ငွေရောစပ်ထားတဲ့ သတ္တုချောင်း ၂၀၀ နီးပါး ပြန့်ကျဲသွားခဲ့

17russiagold-superJumbo-1170x781-e1551582764872.jpg

ရုရှားလေယာဉ်တစ်စင်းဟာ ရွှေနဲ့ ငွေ ရောစပ်ထားတဲ့ သတ္တုချောင်းတွေ တင်ဆောင်ပြီး ပျံတက်ချိန်မှာ ကုန်ခန်းတံခါး ကျိုးသွားခဲ့လို့ လေယာဉ်ပြေးလမ်းတစ်လျှောက် ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးသလို ဖြစ်ခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ဖျား ဆိုက်ဘေးရီးယားပြည်နယမှာရှိတဲ့ ယာကုစ် (Yakutsk) လေဆိပ်မှာ အခုလိုဖြစ်ခဲ့တာပါ။

လေယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ ရွှေ – ငွေချောင်းတွေဟာ အမေရိကန်ဒေါ်လာ ၃၆၇ သန်း တန်ကြေးရှိပြီး အလေးချိန် ၁၀ တန်ရှိပါတယ်။  ရွှေ- ငွေ ရောစပ်ထားတဲ့ သတ္တုချောင်းတစ်ချောင်းကို အလေးချိန် ၄၄ ပေါင်ရှိပြီး ရွှေချောင်း ၂၀၀ လောက် ပြုတ်ကျခဲ့လို့ စုစုပေါင်း ၃ တန်လောက်ရှိပါတယ်။ ပြုတ်ကျခဲ့တဲ့ ရွှေ- ငွေချောင်းတွေဟာ လေယာဉ်ပြေးလမ်းနဲ့ အနီးနား ကားဈေးကွက်မှာ ပြန့်ကျဲသွားခဲ့ပါတယ်။

ဒါပေမဲ့ ပြုတ်ကျခဲ့တဲ့ ရွှေ- ငွေ ချောင်းအားလုံးကို ပြန်ကောက်ယူနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒီပစ္စည်းတွေဟာ ကနေဒါ သတ္တုတူးဖော်ရေး လုပ်ငန်းစု Kinross Gold က အများစု ပိုင်ဆိုင်တဲ့ မိုင်းကနေ သယ်လာတာလို့ The Siberian Times သတင်းဌာနက ဖော်ပြပါတယ်။ ယာကုစ်မြို့ဟာ ရွှေနဲ့ စိန်တူးဖော်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသဖြစ်ပေမယ့် ရုရှား နိုင်ငံမှာ အဆင်းရဲဆုံးဒေသပဲ ဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top