စပိန်မှာ အမြန်ရထားနှစ်စင်းတိုက်မိမှုကြောင့် လူ ၆၈ ဦးသေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ

train.png

စပိန်နိုင်ငံ၊ တိုလီဒိုမြို့မှာ အမြန်ရထားနှစ်စင်းတိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၆၈ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်က ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက်၊ နံနက် ၉ နာရီမတိုင်မီ အချိန်အနည်းငယ်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ ဒေသခံအာဏာပိုင်တွေရဲ့ပြောကြားချက်အရ Iryo အမြန်ရထားတစ်စင်းနဲ့ Renfe အမြန်ရထားတစ်စင်းတို့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားချိန်မှာ Iryo ရထားမှာ ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် ၁၄၇ ဦးလိုက်ပါလာခဲ့ပြီး Renfe ရထားမှာတော့ ခရီးသည် ၄၉၇ ဦးလိုက်ပါလာခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေအနက် ၅၈ ဦးကို ဆေးရုံဆီပို့ဆောင်ထားပြီး ၁၅ ဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒီမတော်တဆမှုက အဓိကအချက်ပြစနစ်မှာ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်တစ်ခုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ရှေ့မှာ ရထားတစ်စင်းရပ်တန့်နေတဲ့အတွက် အချက်ပြမီးမှာ အနီရောင်ဖြစ်နေပေမဲ့ Renfe ရထားကို ခရီးဆက်ဖို့ ခွင့်ပြုခဲ့တယ်။ စနစ်ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးချိန်မှာပဲ ရထားခရီးစဉ်ကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့တာက ထိန်းချုပ်ရေးစင်တာရဲ့တာဝန်ပဲဖြစ်တယ်လို့ စပိန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးကပြောပါတယ်။

အလိုအလျောက် ရပ်တန့်ပေးရမယ့် စနစ်ချို့ယွင်းနေချိန်မှာ ထိန်းချုပ်ရေးစင်တာ (Control Centre) မှ တာဝန်ရှိသူ သို့မဟုတ် အော်ပရေတာတစ်ဦးရဲ့ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ရှေ့တွင် ရထားတစ်စင်း ရပ်တန့်နေဆဲဖြစ်သော်လည်း နောက်မှ လိုက်လာတဲ့ Renfe အမြန်ရထားကို ခရီးဆက်လက် မောင်းနှင်ရန် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ခွင့်ပြုချက်ပေးလိုက်တဲ့ အချိန်မှာ ကွန်ပျူတာ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုများ ရှိနေခဲ့ပြီး ရှေ့မှာ ရထားရပ်တန့်နေကြောင်း အချက်ပြမီး အနီရောင်ပြသနေသော်လည်း ယာဉ်မောင်းအား သတိပေးနိုင်ခြင်း မရှိဘဲ နောက်မှလာသော ရထားက တစ်နာရီ ကီလိုမီတာ ၂၀၀ ခန့်အမြန်နှုန်းဖြင့် အနောက်မှ ဝင်ရောက်တိုက်မိသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်က ၂၀၁၃ ခုနှစ်နောက်ပိုင်း စပိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မှုတွေအနက် အသေအပျောက်အများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်း တူညီတဲ့ရထားလမ်းကြောင်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက်လူသေဆုံးမှုဖြစ်စေတဲ့ အမြန်ရထားတိုက်မှုလည်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကလည်း အဆိုပါလမ်းကြောင်းပေါ်မှာ အမြန်ရထားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၄၆ ဦး သေဆုံးခဲ့ပါတယ်။

Ref: High-speed train collision in Spain: 68 dead, more than 100 injured

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top