COVID-19 ရောဂါ ကူးစက်ခံရလို့ ရုရှားဝန်ကြီးချုပ် ဆေးရုံတက်နေရ

30-4-2020-yyl-048.jpg

ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရလို့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရပါတယ်။ ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း စံချိန်တင်ကူးစက်မှုအဖြစ် ကူးစက်ခံရသူ ၇၀၉၉ ယောက်ရှိတဲ့နေ့မှာပဲ ရုရှားဝန်ကြီးချုပ်မှာ ရောဂါပိုးရှိနေမှန်း စစ်ဆေးတွေ့ရှိရတာပါ။ မီခေးလ်မီရှုစတင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေးမှာ ပါဝင်လှုပ်ရှားနေသူပါ။ မီခေးလ်မီရှုစတင်က သူ့မှာ COVID-19 ရောဂါပိုးရှိနေတယ်ဆိုတာကို ဗီဒီယိုခေါ်ဆိုမှုကတစ်ဆင့် ရုရှားသမ္မတပူတင်ကို အကြောင်းကြားခဲ့ပါတယ်။

သူ ဆေးရုံတက်နေတဲ့ကာလမှာ ဒုတိယဝန်ကြီးချုပ်(၁) ဘီလူဆော့ဗ်ကို သူ့နေရာ အစားထိုးတာဝန်ထမ်းဆောင်ခိုင်းသင့်တယ်လို့ မီရှုစတင်က အကြံပေးခဲ့ပြီး ပူတင်ကလည်း ဒီအကြံကို လက်ခံခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၀၀၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၁၀၀၀ ကျော် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top