ရေပိုက် တွေ့ခဲ့လို့ Made in China ရေတံခွန်လို့ လှောင်ပြောင်ခံနေရတဲ့ ယွမ်တိုင်ရေတံခွန်

10.6.2024-yyl-8.jpg

ယွမ်တိုင်ရေတံခွန်ဟာ သဘာဝရေတံခွန်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး တစ်ဆင့် ရေတံခွန်အဖြစ် သတ်မှတ်ခံထားရတာပါ။ ဟီနန်ပြည်နယ် အလယ်ပိုင်းမှာတည်ရှိပြီး ၃၁၂ မီတာ မြင့်မားတဲ့ ယွမ်တိုင်ရေတံခွန်ဟာ နှစ်စဉ်နှစ်တိုင်း ခရီးသည်သန်းချီ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ တရုတ်နိုင်ငံသား တောင်တက်သမားတစ်ယောက်က ရေတံခွန်ပေါ် တက်ကြည့်ရာမှာ ရေပိုက်ထဲကနေ ရေတွေထွက်ကျနေတာ တွေ့ရှိခဲ့လို့ ဗီဒီယိုရိုက်ခဲ့ရာမှာ လူပြောများခဲ့ပါတယ်။ ” ယွမ်တိုင်ရေတံခွန်ရဲ့ ရေထွက်ပေါက်ကို မြင်ချင်လို့ ခက်ခက်ခဲခဲ တက်ခဲ့ရတာ နောက်ဆုံးတော့ ပိုက်လုံးတစ်ချောင်းပဲ မြင်ခဲ့ရတယ်”လို့ သူက တရုတ်လူမှုကွန်ရက်စာမျက်နှာ Weibo ပေါ် တင်ခဲ့တာပါ။

အဲဒီဗီဒီယိုဟာ Weibo မှာ ကြည့်ရှုမှုအကြိမ်ရေ ၁၄ သန်း၊ တရုတ် TikTok လို့ တင်စားကြတဲ့ Douyin မှာ ကြည့်ရှုမှုအကြိမ်ရေ ၁၀ သန်းနီးပါး ရှိခဲ့ပါတယ်။ ဒီအကြောင်းကို အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပြီး လူမှုကွန်ရက် အသုံးပြုသူတစ်ဦးကတော့ ” Made in China ရေတံခွန်”လို့ လှောင်ပြောင်သွားခဲ့ပါတယ်။

Ref:Hiker finds pipe feeding China’s tallest waterfall

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top